DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲမြို့တွင် နေရာပြန်ချထားပေးရန် ကမန်တိုင်းရင်းသားများတောင်းဆို
DVB
·
April 26, 2017
ရမ်းဗြဲမြို့တွင် နေရာပြန်ချထားပေးရန် ကမန်တိုင်းရင်းသားများတောင်းဆို
1 / 5
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲဒေသခံ ကမန်တိုင်းရင်းသားတွေက  မူလနေရာဖြစ်တဲ့ ရမ်းဗြဲမြို့မှာ ပြန်လည်နေရာချထား ပေးဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်ပါတယ်။

၂၀၁၂ ခုနစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းကနေစပြီး ကမန်တိုင်းရင်းသား တွေဟာ မူလနေရာဖြစ်တဲ့ ရမ်းဗြဲမြို့နယ်ကနေ ဒုက္ခသည်စခန်းတွေကို ရွှေ့ပြောင်းနေထိုင်နေ ရတာ ၅ နှစ်ရှိနေပြီဖြစ်တဲ့အတွက် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေးတွေအရ မူလနေရာမှာ ပြန်နေခွင့်ရဖို့  တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုလဲ တောင်းဆိုထား ပါတယ်။

ကမန်လူမျိုးတွေဟာ ရခိုင်မျိုးနွယ်စု ၈ ခုထဲကတခုဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲမှာ အပါအ၀င်ဖြစ်ပါတယ်။

ဒါကြောင့် သူတို့အနေနဲ့ ရခိုင်အရေးခင်းမှာလည်း ဘယ်ဘက်ကမှ မပါဝင်ခဲတဲ့အတွက် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေးအရ မူလနေရာမှာ ပြန်လည်နေထိုင်ခွင့်ရဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013