DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ကုန်တင်ကားတစ်စီး ကွန်ကရစ်ဓာတ်တိုင်ဝင်တိုက်မိ
DVB
·
April 26, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲကျေးရွာအုပ်စု၊ မာန်ဟဲကျေးရွာမှာ ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်က ကွန်ကရစ် လျှပ်စစ်မီးတိုင်ကို တိုက်မိခဲ့ပါတယ်လို့ သိရပါတယ်။

ဧပြီ ၂၅ ရက်ည ၁၁ နာရီခွဲလောက်က ဆားလင်းကြီးကျေးရွာ၊ မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးနေ ယာဉ်မောင်း ခင်မောင်ဇင် မောင်းလာတဲ့ ၁၂ ဘီး NISSAN DISEL ယာဉ်ဟာ မာန်ဟဲကျေးရွာအတွင်းရှိ ၁၁/၀.၄ ကေဗီလိုင်း၊ ၁၀၀ ကေဗီအေ ထရန်ဖော်မာမှ ၀.၄ ကေဗီလိုင်း၊ ၁၀ မီတာ ကွန်ကရစ်တိုင်တတိုင်ကို တိုက်မိလို့ ကွန်ကရစ်ဓာတ်တိုင် ကျိုးပဲ့ပျက်စီးခဲ့ပြီး ကျေးရွာမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မော်လူးမြို့နယ်၊ လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနဲ့ ဝန်ထမ်းတွေက ဓာတ်အား အချိန်နဲ့တပြေးညီ ဖြန့်ဖြူးနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ပြီး ကျိုးပဲ့သွားတဲ့ ကွန်ကရစ်ဓာတ်တိုင် အစားထိုး လျော်ကြေး နစ်နာကြေးဒဏ်ကြေးငွေ ကျပ် ၃၇၀,၀၀၀ ကို မော်လူးမြို့နယ် လျှပ်စစ်မှူးရုံးမှာ ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013