DVB Logo
Home
မြန်မာသတင်း
မှုခင်းသတင်းထောက်တချို့လူကုန်ကူးနေ၊ စည်းကမ်းကြပ်မတ်ပေးရန် သတင်းကောင်စီ ပြော
DVB
·
April 26, 2017
မှုခင်းသတင်းထောက်တချို့လူကုန်ကူးနေ၊ စည်းကမ်းကြပ်မတ်ပေးရန် သတင်းကောင်စီ ပြော
Donate to DVB

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်အဖွဲ့ချုပ်က သတင်းထောက်တချို့ဟာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေလို့ စာနယ်ဇင်းကောင်စီက အသိပေးစာတစောင် ထုတ်ပြန်ပြီး စည်းကမ်းကြပ်မတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဧပြီ ၂၅ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့တဲ့ စာထဲမှာ သတင်းထောက်တချို့ဟာ ဥပဒေမဲ့အလုပ်တွေလုပ်နေလို့ မှုခင်းသတင်းထောက်အဖွဲ့ချုပ်အနေနဲ့ စည်းကမ်းကြပ်မတ်ပေးဖို့ ဖော်ပြထားပါတယ်။

သတင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က အဲဒီအဖွဲ့က သတင်းထောက်တချို့ဟာ ရခိုင်ပြည်နယ်လူကုန်ကူးမှုထဲ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

“လတ်တလော လူမှောင်ခိုကိစ္စတခုမှာလည်း အဲဒီသတင်းထောက်အဖွဲ့ဝင်ကတ်နဲ့ လူ ၂ ယောက်က ပါဝင်နေတယ်၊ ရခိုင်ဘက်ကနေ လူမှောင်ခိုလုပ်တဲ့ကိစ္စပေါ့။ အဲဒါ အပါအ၀င် တခြားသော ကိစ္စရပ်တွေလည်း တိုင်ကြတာရှိတယ်။ သတင်းကောင်စီနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ကို၊ နယ်တွေမှာ ငွေညှစ်တာတို့၊ အမှုပွဲစား လုပ်တာတို့၊ ငွေတောင်းတာတို့ အထူးသဖြင့်တော့ ငွေတောင်းတာပေါ့။”

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဟန်ညွန့်က အဖွဲ့ချုပ်စည်းကမ်းအရ အဲ့ဒီသတင်းထောက်တွေဟာ ထုတ်ပစ်ခံရမယ့်သဘော ပြောပါတယ်။

“ဥပဒေနဲ့အညီ အရေးယူတာတွေကတော့ သက်ဆိုင်ရာက တရားလိုလုပ်ပြီးတော့ တိုင်ထားတာ ရှိတယ်၊ အဲဒီ တိုင်ထားတဲ့ဟာကတော့ တရားဥပဒေနဲ့အညီ ရဲတပ်ဖွဲ့က ဆက် လုပ်မယ့် သဘောပေါ့၊ အဖွဲ့ချုပ်အနေနဲ့ကတော့ သူက အစကတည်းက အဲဒီလို တခုခု ပြစ်မှု ရှိလို့ရှိရင် ထုတ်ပစ်မယ်ဆိုတဲ့ဟာ သူတို့ လက်မှတ်ထိုးထားတယ်။”

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်အဖွဲ့ချုပ်ဟာ တရားဝင်ရပ်တည်နေတဲ့အဖွဲ့ဖြစ်ပြီး အဖွဲ့ချုပ် နာယကလုပ်နေတဲ့သူတွေထဲ အရင် စစ်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင် ပါဝင်ပါတယ်။

သတင်းမီဒီယာလောကက စုံစမ်းသိရှိချက်အရ ဒီအဖွဲ့ထဲ ပါတဲ့သူ အတော်များများဟာ အရင် စစ်အစိုးရလက်ထက် သတင်းပေးတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013