DVB Logo
Home
မြန်မာသတင်း
အိမ်တွင်းအကြမ်းဖက်များ ဖြေရှင်းရန်အခက်အခဲတွေ့နေ
DVB
·
April 26, 2017
အိမ်တွင်းအကြမ်းဖက်များ ဖြေရှင်းရန်အခက်အခဲတွေ့နေ
Donate to DVB

အမျိုးသမီးများအရေးကိစ္စတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှု  ပြဿနာဟာ ဖြေရှင်းရတာ ခက်ခဲတဲ့အကြောင်း  ကလေးမြို့မရဲစခန်း ဒုရဲအုပ်တဦးက ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက်က ပြုလုပ်တဲ့ ကလေးဒေသအတွင်းအရှိ အမျိုးသမီးရေးရာ လှုပ်ရှားသူတွေနဲ့ ဌာနဆိုင်ရာတွ တွေ့ဆုံပွဲမှာ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က အခုလို ပြောသွားတာပါ။

“အမျိုးသမီးအရေးကိစ္စတွေမှာ အိမ်တွင်း အကြမ်းဖက်မှုက အရမ်းခက်ခဲပါတယ်။ ဖြေရှင်းပေးရတဲ့အခါ ကိုယ်က စေတနာနဲ့ ဖြေရှင်းပေးလိုက်တယ်။ အမျိုးသမီး တိုင်ချက်အရ လုပ်ပေးတယ်။ ထောင်ကျမယ်၊ ဘာညာဆိုတော့ အမျိုးသမီးက မလုပ်ချင်ပြန်ဘူး။ ကျမ ယောက်ျားမရှိရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဖြစ်ပြန်ရော။ ကြားထဲက ကိုယ်က စေတနာနဲ့ လုပ်ပေးပေမယ့် အမုန်းခံရတာ များတယ်” လို့ ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်ကပြောပါတယ်။

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ အမျိုးသမီးတွေကိုယ်တိုင်က စိတ်ဝင်စားမှု အားနည်းပြီး ဆပ်ပြာမှုန့်ထုပ်တွေ ဝေပေးပြီး ဟောပြောမယ်ဆိုတာတောင် တက်ရောက်နားထောင်တာ နည်းပါးနေပြီး ပြဿနာဖြစ်တဲ့ အခါမှသာ တိုင်တန်းလေ့ရှိကြောင်း ကလေးမြို့ အမျိုးသမီးရေးရာအဖွဲ့က ပြောပါတယ်။

ကလေးမြို့ အမျိုးသမီးရေးရာက ဒေါ်မေရီမြင့်က“ကျမတို့အနေနဲ့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ဖို့ ရွာတွေမှာ လော်စပီကာနဲ့ အော်ခေါ်တယ်။ နည်းနည်းပဲ လာတယ်။ သူတို့အတွက် မလိုအပ်ဘူးလို့များ တွေးလားမသိဘူး။ ခခ ယယ ခေါ်ရတယ်။ တခါတခါ ကျမတို့အနေနဲ့ မယ်ပြောချင်ကြီးတွေကို ဖြစ်လို့။ ပြဿနာဖြစ်ရင်တော့ လာကြပြီ။ ပြဿနာမဖြစ်ခင်ကတည်းက သူတို့မှာ ကြိုတင်ကာကွယ်ဖို့ စိတ်ဝင်စားမှု နည်းကြတယ်” လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက အမျိုးသမီးအရေးနဲ့ ပတ်သက်တဲ့ အကြမ်းဖက်ခံရမှု၊ အိမ်တွင်း အကြမ်းဖက်မှု ခွဲခြားဆက်ဆံ ခံရမှုတွေကို တရားရေးရာ မြို့နယ်တရားသူကြီးနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့ကြပြီးမှ အခုလို ပွဲကျင်းပခဲ့တာလို့ TRIANGLE အမျိုးသမီးအဖွဲ့က ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။

"ဒီပွဲကို ကျင်းပရတာက အဓိက အမျိုးသမီးဖွံ့ဖြိုးရေးတွေ လုပ်ဆောင်တဲ့အခါ ကျမတို့ ချည်းလည်း မရပါဘူး။ အုပ်ချုပ်ရေးပိုင်းတွေလည်း လိုအပ်တယ်။ ခုဒီမှာ တက်ရောက်တဲ့ အဖွဲ့အစည်းအသီးသီးက အမျိုးသမီးအရေးလှုပ်ရှားသူတွေအနေနဲ့ အလုပ်အကိုင် အဆင်ပြေအောင် မိတ်ဆက်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့တွေက ပြောပြတာတွေကို ဌာနဆိုင်ရာက နားထောင် ကူညီဖြည့်စွက်။ ရှင်းလင်းအောင်လည်း မေးမြန်းဆွေးနွေးကြတယ်။”

ဒီဆွေးနွေးပွဲကို ကလေးနယ်မှာရှိတဲ့ အမျိုးသမီးလှုပ်ရှားသူအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာ တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး အစိုးရဌာနတွေနဲ့ လွှတ်တော်ထဲမှာ အမျိုးသမီးတွေပါဝင်မှု ယခင်ကထက်ပိုများလာတယ်လို့လည်း ကလေးမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြောပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013