DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ဆိုင်အကူလုပ်သား ၅ ဦးအစာအဆိပ်သင့်
DVB
·
April 26, 2017
ညောင်လေးပင်တွင် ဆိုင်အကူလုပ်သား ၅  ဦးအစာအဆိပ်သင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ  ဧပြီ၂၅ ရက် ညနေက ကုန်စုံဆိုင် အကူလုပ်သား ၅ ဦး အစာအဆိပ်သင့်ကာ အရေးပေါ်ဆေးကုသ ခံယူနေရတယ်လို့ ဆေးရုံလက်ထောက်ဆရာဝန်တဦးက ပြောပါတယ်။

ညောင်လေးပင်ဈေး အရှေ့လမ်းမှာရှိတဲ့ ဖူးပြည့်စုံ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် ဆိုင်အကူလုပ်သားတွေ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေစဉ် မူးဝေအော့အန်၊ ဝမ်းလျော၊ ဗိုက်အောင့် ရုတ်ရက်ဖြစ်ပေါ်ခဲ့တာကြောင့် ညောင်လေးပင်မြို့ ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ခဲ့ရတာပါ။

ဆေးကုသမှုခံယူနေရတဲ့ ဆိုင်အကူလုပ်သားတစ်ဦးက “ပထမဦးဆုံး ကျနော်က ခေါင်းမူးလာတယ်၊ ပြီးတော့ဗိုက်အောင့်တယ်၊ နောက်တော့ အန်တယ်။ ဆိုင်အနောက်မှာ ကျနော် အရက်အဆီတွေ ထည့်နေတုန်းမှာဖြစ်တာပါ။ ကျန်တဲ့သူတွေက ဘီယာဘူးတွေ သယ်နေတုန်း၊ ကျနော်အရင်ဖြစ်တာပါ။ အားလုံးဖြစ်တာကတော့ ၅ ယောက်ပါ၊ နှစ်ယောက်က သက်သာလို့ ပြန်သွားပါပြီ”လို့ ပြောပါတယ်။

ဆိုင်အကူလုပ်သားတွေနေ့လယ်စာ ထမင်းစားနားချိန်မှာ အိမ်က အသင့်ထည့်လာကြတဲ့ ဖားသားဟင်း၊ ငါးဖယ်ဟင်း၊ ငါးဟင်း၊ ပဲပင်ပေါက်ကြော်စတာတွေကို စုပေါင်းစားခဲ့ကြပြီးနောက်  ညနေ ၃ နာရီကျော်လောက်မှာ မူးဝေပြီး အန်တာ၊ ဗိုက်အောင့်တာနဲ့ ဝမ်းလျောတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

ညောင်လေးပင်ဆေးရုံးကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးက “အစာအဆိပ်သင့်တာပါ။ အန်ပြီးတော့ ဝမ်းလျောတာပါ။ အခြေအနေကတော့ကောင်းသွားပါပြီ၊ ဝမ်းသွားတာလည်း ရပ်သွားပြီ၊ အန်တာလည်းရပ်သွားပြီ၊ အစားမှားပြီးတော့ ဖြစ်သွားတာပါ။ ခုတော့ ကောင်းသွားကြပါပြီ” လို့  ဒီဗွီဘီကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆေးရုံမှာ အစာအဆိပ်သင့်သူ ၃ ဦးသာကျန်တော့ပြီး ရောဂါအခြေအနေ သက်သာနေပြီလို့သိရပါတယ်။

သတင်း၊ ဓာတ်ပုံ -နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013