DVB Logo
Home
မြန်မာသတင်း
မြန်မာယန်စီကြေးနီစီမံကိန်းလုပ်ကွက်ရှိ သိမ်းဆည်းခံလယ်ယာမြေကိစ္စ ဒေသခံများ ဆန္ဒပြ
DVB
·
April 26, 2017
မြန်မာယန်စီကြေးနီစီမံကိန်းလုပ်ကွက်ရှိ သိမ်းဆည်းခံလယ်ယာမြေကိစ္စ ဒေသခံများ ဆန္ဒပြ
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် စပယ်တောင်နဲ့ ကြေးစင်တောင်ရှိ မြန်မာယန်စီ ကြေးနီစီမံကိန်းလုပ်ကွက်တွင် သိမ်းဆည်းထားတဲ့ လယ်ယာမြေများနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ဒေသခံတောင်သူတွေက မုံရွာမြို့အခြေစိုက် စစ်ကိုင်းတိုင်းဒေသကြီးရုံးစိုက်ရာ အိုးဘိုးတောင် ရပ်ကွက်တွင် ဧပြီလ ၂၆ ရက်နေ့ မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကြေးနီလုပ်ကွက်ရှိ သိမ်းဆည်းခံရတဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး လျော်ကြေးကိစ္စကို တိုင်းဒေသကြီးအစိုးရမှ ဖြေရှင်းပေးဖို့ ကြန့်ကြာနေတဲ့အတွက် အခုလို လာရောက်ဆန္ဒထုတ်ဖော် တောင်းဆိုရတာဖြစ်တယ်လို့ ဒေသခံ ကိုတင့်အောင်စိုးက ပြောပါတယ်။

"သိမ်းထားတဲ့မြေယာကိစ္စ ဖြေရှင်းပေးဖို့ တိုင်းဒေသကြီးအစိုးရက ကော်မတီဖွဲ့ စစ်ဆေး နေတာ ၁ နှစ်ကျော်သွားပြီ။ ဘာမှ ထူးခြားမလာဘူး။ ကျနော်တို့အနေနဲ့ကတော့ ဖြေရှင်း မပေးမချင်း အခုလို တောင်းဆိုသွားမှာပါ။"

ဆန္ဒထုတ်ဖော်မှုကို တိုင်းဒေသကြီးအစိုးရရုံးရှေ့ထိ ပြုလုပ်သွားရန် စီစဉ်ခဲ့ပေမယ့် တိုင်းအစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကံဇာမှုံနဲ့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တ်ေကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် တိုက လာရောက်ဆွေးနွေး ရှင်းလင်းခဲ့တဲ့အတွက် အစိုးရရုံး မရောက်ခင် ဗိုလ်ချုပ်လမ်းမှတင် ဆန္ဒထုတ်ဖော်မှု ရပ်ဆိုင်းလိုက်ပါတယ်။

"ကျနော်တို့ ဒီကိစ္စကို အတတ်နိုင်ဆုံး ဦးစားပေးဖြေရှင်းဆောင်ရွက်သွားမှာပါ။ တိုင်းဒေသကြီးအဆင့်တင်မက ပြည်ထောင်စုအဆင့်ဆင့်အထိ တင်ပြထားပါတယ်။ ဒီကြားထဲမှ စိတ်ရှည်သည်းခံပေးကြဖို့ ဒေသခံတွေကို မေတ္တာရပ်ခံတာပါ" လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကံဇာမှုံက ပြောပါတယ်။

ယခင် စစ်အစိုးရလက်ထက်ကတည်းက အဆိုပါ ကြေးနီမံကိန်း ဆောင်ရွက်ဖို့ ကံကုန်း၊ ဂုံတော၊ တည်ပင်ခံနဲ့ ဖောင်းကား အစရှိ ကျေးရွာ ၁၁ ရွာမှ လယ်ယာမြေဧက ၆၀၀၀ ကို ကျော်သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013