DVB Logo
Home
မြန်မာသတင်း
ကေအန်ယူတပ်မဟာ ၂ တပ်မဟာမှူး ဈာပန ယနေ့ ကျင်းပမည်
DVB
·
April 26, 2017
ကေအန်ယူတပ်မဟာ ၂ တပ်မဟာမှူး ဈာပန ယနေ့ ကျင်းပမည်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစေးဘိုကျေးရွာအုပ်စု တောကုန်း ကျေးရွာနေအိမ်မှာ ဧပြီလ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်း သေဆုံးခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၂) တပ်မမှူး ဗိုလ်မှုးချုပ် စောဂျော့မေ (၇၂) နှစ်ရဲ့ ဈာပနကို ဒီနေ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

“ဈာပနအခမ်းအနားကို ကေအန်ယူ ဗဟိုကလည်းလာမယ်၊ KNLA ဗဟိုကလည်း ကိုယ်စားလှယ် တွေ လာလိမ့်မယ်။ မနက် ၁၁ နာရီမှာ နေအိမ်က ထွက်မယ်။ သူ့ရဲ့ခရစ်ယာန်ထုံးတမ်း ဓလေ့အရဆိုလို့ရှိရင် ၀တ်အသင်းတော်ရှိတဲ့ ရေလျှံနှစ်ခြင်း အသင်းတော်မှာ ဝတ်ပြုခြင်း အစီစဉ်လုပ်မယ်။ ပြီးလို့ရှိရင် တပ်မဟာမှူးရဲ့ ရုပ်ကလာပ်ကို အဲဒီကနေသယ်ဆောင်ပြီးတော့ ဟိုး ဂူသွင်းသင်္ဂြိုလ်မယ့် ဆေးပုလဲကုန်းရွာဟောင်းက သူ့ရဲ့ခြံဝန်းထဲမှာ ဂူသွင်းမြုပ်နှံမှာဖြစ်တယ်” လို့ တပ်မဟာ(၂)ရဲ့ တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဇန်နဝါရီ ၃၁ ရက် တော်လှန်ရေးနေ့ အခမ်းအနားမှာ နှစ် (၅၀) ကျော်လုံး တော်လှန်ရေးကို မပျက်မကွက်လုပ်ခဲ့တဲ့အတွက် ရွှေစင်တကျပ်သား ရင်ထိုးနဲ့ ဂုဏ်ပြု လက်မှတ်ရခဲ့ဖူးပါတယ်။

သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013