DVB Logo
Home
မြန်မာသတင်း
လူ ၃၀ သေဆုံးခဲ့ရသည့် စက်လှေနှင့်သင်္ဘောတိုက်မှု တာဝန်ရှိသူများကို အရေးယူ
DVB
·
April 26, 2017
လူ ၃၀ သေဆုံးခဲ့ရသည့် စက်လှေနှင့်သင်္ဘောတိုက်မှု တာဝန်ရှိသူများကို အရေးယူ
Donate to DVB

 

ပုသိမ်မြို့က လူ ၃၀ သေဆုံးခဲ့ရတဲ့ စက်လှေနဲ့ သင်္ဘောတိုက်မှုနဲ့ပတ်သက်လို့ ဧပြီ ၂၅ ရက်ညနေပိုင်းက ပုသိမ်မြို့က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ စက်လှေနဲ့ သင်္ဘောနှစ်စီးစလုံး မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ဆိပ်ကမ်းအရာရှိချုပ် ဦးကိုကိုနိုင်က ပြောပါတယ်။

နဒီရွှေစင်သင်္ဘောအနေနဲ့ တွန်းသင်္ဘောမှာ သတ်မှတ်ထားတဲ့ မီးတွေ တပ်ဆင်ထားပေမယ့် CB တွဲမှာ သတ်မှတ်ထားတဲ့မီးတွေ တပ်ဆင်ထားခြင်းမရှိတာကို တွေ့ရှိရပြီး စက်လှေမှာတော့ ရေကြောင်းအရ မှားယွင်းတာ အပါအဝင် စည်းကမ်းချက်နဲ့ မကိုက်ညီတာတွေ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ၃၃၇၊ ၃၃၈၊ ၂၈ဝ နဲ့ အမှုဖွင့်လှစ်ထားပြီး တရားလိုပြသက်သေ ၃၇ ဦးကို စစ်ဆေးကာ နဒီရွှေစင်သင်္ဘောက ရေယာဉ်မောင်းနဲ့ ငွေကြယ်ပွင့်စက်လှေက ရေယာဉ်အကူတို့ကို ဖမ်းဆီးထားတယ်လို့ ပုသိမ်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းလင်းက ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ ဥပဒေရုံးကို အကြံတောင်းထားပြီး မေလ ၃ ရက်နေ့မှာတော့ ဒုတိယ ရမန်ယူသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013