DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ထဲ ရေဆင်းချိုးသည့် ကလေးငယ် ၃ ဦး ရေနစ်ပျောက်ဆုံးနေ
DVB
·
April 25, 2017
Donate to DVB

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲကက ၈ တန်း စာမေးပွဲ အောင်မြင်ထားတဲ့ ကလေး ၃ ယောက် ရေနစ် ပျောက်ဆုံးနေပါတယ်။

ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီခန့်လောက်က ပန်းတောင်းမြို့နယ် စမ်းပေါက်ချောင်းကျေးရွာဘေး ဧရာဝတီမြစ်ထဲမှာ ရေဆင်းချိုးတဲ့ ကလေးငယ် ၃ ယောက် ရေနစ်ပျောက်ဆုံးနေတာကြောင့် ပန်းတောင်းမြို့မရဲစခန်းက မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေနဲ့ မြစ်ထဲမှာ ရှာဖွေနေတယ်လို့ ရဲစခန်း တာဝန်ရှိသူတွေထံက သိရပါတယ်။

“ကလေးတွေက လာတုန်းက ပထမ ၃ ယောက် သူတို့ကနေ နောက်သူငယ်ချင်း ၃ ယောက်ကို ဖုန်းဆက်ပြီး ထပ်ခေါ်တာ နောက် ၃ ယောက် ရောက်လာတဲ့အချိန်မှာ ကလေး တယောက်က ရေနစ်နေလို့ ကျန်တဲ့ ၂ ယောက်က လိုက်ဆယ်နေတာ။ အဲဒီမှာ နောက် ရောက်လာတဲ့ ၃ ယောက်က ကမ်းပေါ်တက်ပြီး အကူညီတောင်းတာ လူတွေ ပါလာတော့ သူတို့ ၃ ယောက်လုံး မရှိတော့ဘူး” လို့ ပန်းတောင်းရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းနိုင်ထွန်းက ဒီဗွီဘီကို ရှင်းပြပါတယ်။

ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ယောက်က ကပစ ၃ မှာနေတဲ့ ၁၅ နှစ်အရွယ် မောင်ခန်မှူးပိုင်၊ ကစစ ၁၆ က မောင်ပိုင်မင်းသန့်နဲ့ ကစစ ၁၆ က မောင်မျိုးမောင်မောင်တို့ဖြစ်ပြီး အားလုံးက အခုနှစ် နဝမတန်းကို တက်ရော်မယ့်သူတွေ ဖြစ်ပါတယ်။

နေ့လယ် ၂ နာရီအထိ ရေငုပ် ပိုက်ချ ရှာဖွေနေခဲ့ကြပေမယ့် ရှာဖွေမတွေ့သေးပါဘူး။ ဒါပေမယ့် ၂ နာရီ ၂၀ မိနစ်မှာ မောင်ပိုင်မင်းသန့် အလောင်းကို ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013