DVB Logo
Home
မြန်မာသတင်း
Forbes မဂ္ဂဇင်းက ရွေးချယ်သည့် ထူးချွန်အာရှလူငယ်စာရင်းတွင် မြန်မာအမျိုးသမီး ၂ ဦးပါဝင်
DVB
·
April 25, 2017
Forbes မဂ္ဂဇင်းက ရွေးချယ်သည့် ထူးချွန်အာရှလူငယ်စာရင်းတွင် မြန်မာအမျိုးသမီး ၂ ဦးပါဝင်
Donate to DVB

 

ကမ္ဘာ့ကျော်  Forbes မဂ္ဂဇင်းက  အခု ၂၀၁၇ခုနှစ်အတွက်  ရွေးချယ်တဲ့ အသက် ၃၀နှစ်အောက် ကဏ္ဍအလိုက် ထူးချွန် အာရှလူငယ်စာရင်းတွေမှာ မြန်မာလူငယ် အမျိုးသမီး ၂ဦးလည်း ထည့်သွင်း ရွေးချယ်ခံရပါတယ်။

အသက် ၃၀အောက် စွန့်ဦးရှေ့ဆောင်တီထွင်သူကဏ္ဍမှာ Digital Kaway လုပ်ငန်း စီအီးအို မစန္ဒီစိန်သိန်းက ရွေးချယ်ခံရပြီး မီဒီယာ၊ ဈေးကွက်နဲ့ ကြော်ငြာကဏ္ဍမှာတော့  Amara Digital Marketing  Agency  တည်ထောင်သူ မချမ်းမြေ့ခိုင်က ရွေးချယ်ခံပါတယ်။

မစန္ဒီစိန်သိန်းဟာ မြန်မာနိုင်ငံအခြေစိုက်   Digital Kaway Digital Marketing agency ကိုပူးတွဲထူထောင်သူဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်ရှာဖွေသူအဖြစ် အတွေ့အကြုံရှိသူတဦးဖြစ်ပါတယ်။

GeekGirls Workshop Tour အမည်နဲ့ မြန်မာပြည်က အမျိုးသမီးတွေအတွက်  ဒစ်ဂျစ်တယ်နည်းပညာနဲ့ လူမှုကွန်ရက်နဲ့ပတ်သက်တဲ့အခြေခံနဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတ၀န်း လှည့်လည်သင်တန်းတွေ ပေးနေသူလည်းဖြစ်ပါတယ်။

အလားတူ မချမ်းမြေ့ခိုင်ဟာလည်း ကိုယ်ပိုင်တဦးတည်းမတည်ငွေနဲ့ မြန်မာ့နိုင်ငံမှာ ပထမဆုံး  Digital Marketing  agency ထူထောင်ခဲ့ပြီး  ၂၀၁၆ မှာ အမရာအေဂျင်စီရဲ့ ၀င်ငွေဟာ ဒေါ်လာ ၂သိန်းထိရရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။  

သူဦးဆောင်တဲ့ အေဂျစ်စီလုပ်ငန်းဟာ ပြည်တွင်းပြည်ပက ဈေးကွက်ကို ထိုးေ ဖာက်လုပ်ကိုင်နေတာဖြစ်ပြီး  အေဂျင်စီရဲ့ ဖောက်သည်တွေထဲမှာ  Nok Air, VietJet လေကြောင်းလိုင်းတွေ၊ ချယ်ရီမိုဘိုင်းနဲ့, Oppoဖုန်းကုမ္ပဏီ၊  စင်ကာပူ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ၊ စင်ကာပူ စီမံခန့်ခွဲမှုသင်တန်းကျောင်း တွေပါဝင်ပါတယ်။

နယူးဂျာစီအခြေစိုက် အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes မဂ္ဂဇင်းဟာ  အနုပညာ၊ဖျော်ဖြေရေးနဲ့အားကစား၊ စီးပွားရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာစတဲ့    နယ်ပယ်၁၀ခုမှာ ဦးဆောင်လမ်းပြဆောင်ရွက်သူ၊ စွန့်ဦးတီထွင်သူ အထူးချွန်အတောက်ပဆုံး လူငင်  အယောက် ၃၀၀ ကိုနှစ်စဉ် ရွေးချယ်ဖော်ပြနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013