DVB Logo
Home
မြန်မာသတင်း
မွန်ပါတီပေါင်းစည်းရေးနှင့် အန်စီအေကိစ္စ မွန်ပြည်သစ်ပါတီဆွေးနွေး
DVB
·
April 25, 2017
မွန်ပါတီပေါင်းစည်းရေးနှင့် အန်စီအေကိစ္စ  မွန်ပြည်သစ်ပါတီဆွေးနွေး
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးရေး၊ မထိုးရေးနဲ့ မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်ရေးအတွက် မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့  မွန်ပြည်သစ်ပါတီ ဗဟိုခေါင်းဆောင်တွေ  ဆွေးနွေးနေပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ဌာနချုပ် ရေးချောင်းဖျားမှာ ဒီကနေ့ ဧပြီလ ၂၅  ရက်နေ့ကစပြီး ဗဟိုကော်မတီအစည်းအဝေးကို ပြုလုပ်နေပြီး အစည်းအဝေးကို ၁၀ ရက်ခန့် ကျင်းပဖို့ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးတာဝန်ခံ နိုင်ပန့်က ပြောပါတယ်။

“၂၃ ရက်နေ့က လူစုတယ်။ ဒီနေ့မှစမှာ မနေ့က နောက်ဆုံး တက်သွားကြတာ။ အစည်းအဝေးက ဗဟိုကော်မတီအစည်းအဝေးပါ။ ဗဟိုကော်မတီက အရေးပေါ်ရင် အရေးပေါ်သလို သူတို့ ခေါ်ပြီး ဆွေးနွေးတယ်လေ။ အခုကတော့ အရေးပေါ်လည်းပြောနိုင်တယ်။ သူတို့ သာမန်အချိန် ရောက်လို့ ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်။ အစည်းအဝေးကတော့ နည်းနည်းကြာမယ်။ ၁၀ ရက်လောက်တော့ ကြာမယ်။”

မွန်ပြည်သစ်ပါတီအနေနဲ့  တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးဖို့ မွန်သံဃာတော်တွေနဲ့ မွန်နိုင်ငံရေးပါတီတွေအပါအ၀င် မွန်အဖွဲ့အစည်း တွေက တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး နယ်ခြားစောင့်တပ်ပြောင်းလဲ ဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ စက်တင်ဘာလကစလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။

၂၀၁၂ ဖေဖော်ဝါရီမှာ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှု လက်မှတ်ထိုးရေးထားတဲ့ တိုင်းရင်သား လက်နက်ကိုင်အဖွဲတဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013