DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ အလုပ်သမားဝန်ကြီးဌာနရုံးတွင် အလုပ်သမားကတ် လျှောက်ထားသူ များပြား
DVB
·
April 25, 2017
Donate to DVB

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှာ အလုပ်သမားကတ် လာရောက်လျှောက်ထားသူတွေနဲ့ များပြားနေပါတယ်။

သင်္ကြန်ကာလအပြီး လှိုင်သာယာက စက်ရုံ အလုပ်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့အတွက် အလုပ်သမားကတ် လာရောက်လျှောက်ကြတာဖြစ်ပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ အလုပ်သမားကတ်ရှိမှသာ အလုပ်ခန့်တာကြောင့်ဖြစ်ပြီး အလုပ်သမားတွေအနေနဲ့လည်း အလုပ်သမားကတ်ရှိမှသာ အခွင့်အရေးတွေ ရရှိမှာဖြစ်တဲ့ အတွက် အခုလို လာလျှောက်ကြတာပါ။

အလုပ်သမားကတ် လာလျှောက်တဲ့သူတွေထဲမှာ အရင်က အလုပ်သမားကတ် မလျှောက်ရသေးတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေ ပါဝင်ပေမယ့် အများစုက အသက် ၂၀ ဝန်းကျင်တွေ ဖြစ်ကြပါတယ်။

အလုပ်သမားကတ် လျှောက်တဲ့နေရာမှာ လူတွေ တိုးဝှေ့နေကြသလိုဘဲ ထောက်ခံစာ ထုတ်ပေးတဲ့ လှိုင်သာယာရဲစခန်းမှာလည်း ထောက်ခံစာလာထုတ်သူတွေဟာ မနက် ၆ နာရီ ကတည်းက လာရောက်စောင့်စားနေကြပါတယ်။

ဧပြီလ ၂၄ ရက်နေ့ တနေ့တည်းမှာတင် လာရောက်ထုတ်ယူသူ အရေအတွက်ဟာ ၁၃၀၀၀ ကျော်ရှိပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ထုတ်ပေးနေရတယ်လို့ ရဲစခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013