DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် ပိတောက်သစ်နှင့် ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
April 25, 2017
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း  ပြည်ထောင်စုလမ်းမကြီး သိန္နီ ရေပူဂိတ်စစ်ဆေးရေးဂိတ်မှာ မနေ့ညက ပိတောက်သစ်နဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

သစ်တော တောအုပ်ကြီး ဦးမြင့်မြတ်က “ကျနော်တို့အဖွဲ့ ကျောက်စိမ်းတင်လာတယ်ဆိုလို့ ဂိတ်အောက်ဘက်ကို အဲသတင်းသွားယူရင်းနဲ့ အဲသစ်ကားပါ ဖမ်းမိတာ။ ဒီမှာက ကား အသေးတွေရော အကြီးတွေရော အကုန်ရပ်ခိုင်းပြီးတော့ စစ်တယ်။ အဲသစ်ကားကို ဖမ်းမိတာက ၇ နာရီခွဲမှာ ဖမ်းမိတာ။ သစ်ကတော့ ပိတောက်အမျိုးအစားတွေဗျ။ ပျှမ်းမျှတန်ဖိုးကတော့ တိတိကျကျ မသိသေးဖူး။ ကားကိုလည်း ဂိတ်မှာပဲ ထိုးထားရသေးတယ်။ သစ်ကလည်း အကြီးတွေဆိုတော့ ကရိန်းနဲ့ပြန်ချပြီး စစ်မှရမှာ။ ရှိတာက ၂ တန် ပတ်ချာလည်လောက်ရှိမယ် ထင်တယ်။ ကားကတော့ လေးလုံးထိုးပါ” လို့ ပြောပါတယ်။

ပိတောက်သစ် သယ်ဆောင်လာတဲ့ကားမှာ မူဆယ်သို့တက်ရောက်မယ့် ကားဖြစ်ပြီး ကားသမား ၃ ဦးကို သိန္နီရဲစခန်းမှာ သွားရောက် အပ်နှံထားကြောင်း သိရပါတယ်။ ဒါ့အပြင် ပိတောက်သစ် ဖမ်းမိတဲ့ ရေပူ စစ်ဆေးရေးစခန်းမှာ ညသန်းခေါင်းအချိန်က ကုန်တင်ကား တစီးပေါ်က ကျောက်စိမ်း ၅၅ တုံးလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013