
ယခင်အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းကနေ ရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ကျော်ကို လက်ရှိ တိုင်းဒေသကြီးအစိုးရကို ပြန်အပ်ဖို့နဲ့ မပေးရင် အရေးယူဖို့ ပြည်ထောင်စု အစိုးရက ညွှန်ကြားစာ ပေးပို့ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ပြောပါတယ်။
ရေနံလက်ယက်တွင်းကရရှိခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ကျော် ပြန်လည်ပေးအပ်ဖို့နဲ့ ကြံခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကြေး ၁.၇ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီးအစိုးရကို ပြန်လည်ပေးအပ်ဖို့ ညွန်ကြားခဲ့ပြီး ပြန်လည် ပေးအပ်ခြင်း မရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီက ဖွံဖြိုးရေးရန်ပုံငွေနဲ့ ပက်သက်ပြီး ငြင်းဆိုထားပေမယ့် အထူးစုံစမ်းစစ်ဆေးရေး ဌာန(စသုံးလုံး)က စစ်ဆေးထားတာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။
လက်ရှိ တိုင်းဒေသကြီးအစိုးရအနေနဲ့ ၂၀၁၆ ဇွန်လ ၂ ရက်နေ့ကနေ ရေနံစည် ၁ ပေပါကို ကျပ် ၃၀၀၀ နှုန်းနဲ့ ကောက်ခံလာတာ မတ်လ ၃၁ ရက်နေ့အထိ ကျပ်ငွေသန်းပေါင်း ၁၂၀၀ ရရှိထားပြီ လို့ ဆိုပါတယ်။










