မြန်မာ့ဆန်ကို ဝယ်ယူနေသည့် နိုင်ငံများနှင့် ဆန်စပါးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်
DVB
·
April 25, 2017
မြန်မာ့ဆန်ကို အများဆုံး ဝယ်ယူနေတဲ့ ဥရောပ၊ အာဖရိက စတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံနဲ့ ဆန်စပါးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါအသင်းချုပ်က သတင်း ရရှိပါတယ်။
အခုဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် နိုင်ငံတကာက ဆန်ဝယ်ယူသူတွေကို ဖိတ်ခေါ်ပြီး ဆန်ဈေးကွက်ဆိုင်ရာ လုပ်ငန်းတွေကို ဆွေးနွေးတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို အခုလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - AMIA