DVB Logo
Home
မြန်မာသတင်း
စင်ကာပူအကူအညီဖြင့် မြေငလျင်တိုင်းစက် အလုံး ၃၀ တပ်ဆင်မည်
DVB
·
April 24, 2017
စင်ကာပူအကူအညီဖြင့် မြေငလျင်တိုင်းစက် အလုံး ၃၀ တပ်ဆင်မည်
Donate to DVB

 

စင်ကာပူနိုင်ငံ Earth Observatory of Singapore ကပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်တိုင်းစက် အလုံး ၃၀ တပ်ဆင်ဖို့ ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်မြေငလျင်ဌာန ဒုညွှန်ကြားရေးမှူး ဦးလှစောက ဒီဗွီဘီကိုပြောပါတယ်။

ဒီစီမံချက်ကို မိုးလေဝသ၊ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတာဖြစ်ပြီး အင်အားပြင်း မြေငလျင်တိုင်းစက်တွေ တပ်ဆင်ဖို့ အဆောက်အအုံနေရာတွေကို စတင်ဆောက်လုပ်နေကာ လာမယ့်လ အနည်းငယ်အတွင်း အပြီးတပ်ဆင်သွားဖို့ ရှိနေတာပါ။

မြေငလျင်တိုင်းစက်တွေဟာ ငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ပဲ မြေငလျင်လှုပ်ခတ်ခဲ့ရင်တော့ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောရဲ့ ပြင်းအားနဲ့ တည်နေရာ အတိအကျတွေကို ခန့်မှန်းနိုင်မှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲစာရင်းအရ ရန်ကုန်နဲ့ မန္တလေးမှာ ငလျင်တိုင်း စခန်း ၂ ခုရှိပြီး မြန်မာနိုင်ငံအနှံ့မှာ အင်အားပြင်း မြေငလျင်တိုင်းစခန်း ၁၁ ခုနဲ့ လှိုင်းခွင်ကျယ် မြေငလျင်တိုင်းစခန်း ၉ ခု ရှိနေပါတယ်။

လတ်တလောမှာ စင်ကာပူအစိုးရက လှူဒါန်းထားတဲ့ အင်အားပြင်း မြေငလျင်တိုင်းစက် အလုံး ၃၀ ကို တပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အိန္ဒိယအစိုးရက လှူဒါန်းမယ့် မြေငလျင်တိုင်းစက် ၈ လုံးကို ဒီနှစ်အတွင်း ထပ်မံတပ်ဆင်ဖို့ ရှိတယ်လို့ မိုးဇလ မြေငလျင်ဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013