DVB Logo
Home
မြန်မာသတင်း
အားလုံးပါဝင်မှ ငြိမ်းချမ်းရေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
April 24, 2017
အားလုံးပါဝင်မှ  ငြိမ်းချမ်းရေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Donate to DVB

 

တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေးရဖို့ရည်ရွယ်တဲ့အကြောင်းနဲ့ အားလုံးပါဝင်မှ ငြိမ်းချမ်းရေးရ မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်  နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) အကောင်အထည်ဖော်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းမှာပြောကြားသွားတာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အစည်းဝေးတွေအားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျမတို့နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရဖို့ ပဲဖြစ်ပါတယ်။ ဘယ်အပိုင်းကနေ၊ ဘယ်အပိုင်းကိုပဲ ဆွေးနွေးဆွေးနွေး၊ ၊ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် နောက်ဆုံးကျမတို့ရဲ့ ရည်ရွယ်ချက်တော့  ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုပြီးတော့ အောင်မြင်အောင်လုပ်နိုင်မယ် ပိုပြီးတော့ ချောမွေ့အောင် လုပ်နိုင်မယ်၊ ပိုပြီးတော့ ထိရောက်အောင်လုပ်နိုင်မလဲဆိုတဲ့ အတွေးအခေါ်တွေနဲ့ ချည်းကပ်မယ်လို့ မျှော်လင့်ပါတယ်။  အားလုံးကပါဝင်မှ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မှာပါ။  အားလုံး ငြိမ်းချမ်းရေးရဖို့ အတွေးအခေါ် အမြင်တွေ တင်ပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ကျင်းပနေတဲ့ အန်စီအေစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးမှာ အစိုးရ၊ တပ်မတော်နဲ့    အပစ်ရပ်တိုင်းရင်းသားတော်လှန်းရေးလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ဒီအစည်းအဝေးကနေ ဒုတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ပင်လုံညီလာခံကို လာမယ့် မေလ ၂၄ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပသွားဖို့ လည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013