DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာလှေလုပ်သားတစ်ဦး သေနတ်ပစ်ခံရ
DVB
·
April 24, 2017
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ကူရပူရီမြို့နယ်ထဲမှာ မြန်မာလှေလုပ်သားတဦး သေနတ်ပစ်ခံရပြီး တကိုပါမြို့နယ်ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ လာရောက်ပြီး ထိုင်းငါးဖမ်းလှေပေါ် အလုပ်လာလုပ်တဲ့ အသက် ၂၁ နှစ်ရွယ် မောင်မောင်ဌေး ဆိုသူဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်က နံယောင်းလှေဆိပ်မှာ အပစ်ခံခဲ့ရတယ်လို့  ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

“ကူရပူရီလှေဆိပ်မှာ လှေထွက်ခါနီးမှာ သေနတ်ပစ်ခံရတဲ့ အလုပ်သမားနဲ့ လှေပိုင်ရှင်နဲ့ စကားများတာကနေပြီးတော့ အမှုတွေ ဖြစ်တယ်။ စကားများပြီးတော့ အပစ်ခံရတဲ့ လူငယ်ကလည်း လှေပိုင်ရှင်ရဲ့တပည့်ကို ထိုးကြိတ်တယ်လို့ ပြောတယ်။  လှေထွက်ခါနီးမှာ အလုပ်သမားက ပိုင်ရှင်ကို ခွင့်မတောင်းဘဲ အပြင်သွားတယ်။ ဘာသာစကား မပေါက်လို့လားတော့ မသိဘူး။ အဲလိုလှေထွက်ခါနီး အပြင်သွားလို့ လှေပိုင်ရှင်က သူ့ခေါင်းကို ရိုက်တယ်ပေါ့။ သူကလည်း လှေပိုင်ရှင်နဲ့ ပါလာတဲ့ နောက် ထိုင်းတယောက်ကို ထိုးတယ်တဲ့။ နောက် လှေက ကမ်းကနေခွာလာပြီး ခဏကြာ လှေပိုင်ရှင်က သူ့ကို သေနတ်နဲ့ပစ်တယ်။ ပြီးတော့ ဆိပ်ကမ်းကို ပြန်လာပို့ထားတယ်ပေါ့။ ကျည်ဆန်က ခါးကနေပြီးတော့မှ ဟိုဘက် ဒီဘက် ထုတ်ချင်းပေါက်သွားတယ်။ ဒါပေမယ့် အသက်အန္တရာယ်ဖြစ်နိုင်တဲ့နေရာကို မထိဘူး။ တကွါပါဆေးရုံမှာ တင်ထားတာ အခုသက်သာလာပြီလို့ ပြောတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အဖွဲ့အနေနဲ့ ထိုင်း-မြန်မာသံရုံး အလုပ်သမားသံအရာရှိကို အကြောင်းကြားထားသလို သေနတ်နဲ့ပစ်တဲ့ လှေပိုင်ရှင်ကို အရေးယူဖို့ ထိုင်းအလုပ်သမားရေးဌာန၊ ထိုင်းစစ်တပ်နဲ့ အကြောင်းကြားပြီး အမှုဖွင့်ထားတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ထိုင်း-မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးမိုးအောင်ခိုင်ကလည်း “လှေပိုင်ရှင်ကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီး  သံရုံးနဲ့ အက်ဖ်အီးဒီအဖွဲ့တော့ ဒဏ်ရာရရှိသွားတဲ့ အလုပ်သမားအတွက် ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရရှိရေး၊ ပြဿနာကို ကိုယ်ထိလက်ရောက်ဖြေရှင်းတဲ့ အလုပ်ရှင်ကို တရားဥပဒေနဲ့အညီ အရေးယူအပြစ်ပေးဖို့ ဆောင်ရွက်ပေးနေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။  

ဓာတ်ပုံ - Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013