DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ်က ရွာသားကို ပါးရိုက်ခဲ့သည့်ကိစ္စရှင်းလင်းမည်
DVB
·
April 24, 2017
အန်အယ်လ်ဒီအမတ်က ရွာသားကို ပါးရိုက်ခဲ့သည့်ကိစ္စရှင်းလင်းမည်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးမှာ အန်အယ်လ်ဒီ လွှတ်တော်အမတ်တဦးက ရွာသားတဦးကို ပါးရိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက်တွေ့ဆုံ သတင်းစာရှင်းလင်းဖို့ရှိနေပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးရဲမြင့်ဆွေက ပ၀ကျေးရွာသား ကိုထွန်းလှကို ပါးရိုက်ခဲ့တဲ့​ ရုပ်သံဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ကာယကံရှင်တွေက အခင်းဖြစ်ပွားတဲ့ ပ၀ရွာမှာ ဧပြီ ၂၄ ရက် ရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ် ပ၀ ချောင်းထဲရွာမှာရှိတဲ့ စာသင်ကျောင်းကို လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ဦးဆောင်တဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဧပြီလ ၈ရက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စာသင်ကျောင်းရဲ့ တံခါးဘောင်တွေမှာ စံချိန်မညီတာကို ရွာသားတွေက ထောက်ပြပြောဆို ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်ကလည်း သက်ဆိုင်ရာ အင်ဂျင်နီယာ၊ ကုမ္ပဏီတာဝန်ရှိသူတွေကို ပြန်လည် ပြုပြင်ပေးဖို့ ပြောဆိုဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်နဲ့ တာဝန်ရှိသူတွေဆွေးနွေးနေတဲ့အချိန်မှာ ပ၀ရွာမဘက်က ရောက်လာတဲ့ ကိုထွန်းလှဆိုသူက တာဝန်ရှိသူတွေကြားကို ၀င်ရောက်လာပြီး တံခါးဘောင် ပြန်ပြင် ပေးစရာမလိုဘူးလို့ အော်ဟစ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်နဲ့ ပ၀ချောင်းထဲရွာသားတွေက တာဝန်ရှိသူတွေပြောကြားနေ ချိန် ၀င်ရောက်မပြောဆိုဖို့ တံခါးဘောင်တွေပြန်လဲခိုင်းတာဟာ ရွာသားတွေရဲ့ တောင်းဆိုတဲ့ အတွက်လို့ ပြောဆိုပေမယ့် ကိုထွန်းလှဆိုသူက ဆက်လက် အော်ဟစ်နေတာကြောင့် လွှတ်တော်ကိုယ်စားလှယ်က လက်နဲ့ ကိုယ်ထိလက်ရောက်ရိုက်ခဲ့တာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

အဆိုရုပ်သံဖိုင်ကို လူတချို့က လူမှုကွန်ရက်ပေါ် တင်ခဲ့တာကြောင့် သတင်းတွေ ပျံ့နှံ့သွားခဲ့လို့ ဒါနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်က အခင်းဖြစ်နေရာမှာ ကာယကံရှင်တွေ အားလုံးကို ခေါ်ယူရှင်းလင်းသွားမယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အန်အယ်လ်ဒီအမတ်က ရွာသားကို ပါးရိုက်ခဲ့သည့်ကိစ္စရှင်းလင်းမည်