DVB Logo
Home
မြန်မာသတင်း
ဆေးပေါ့လိပ်မီး စွန့်ပစ်ရာကနေတဆင့် မီးလောင်မှုဖြစ်ပွား
DVB
·
April 24, 2017
Donate to DVB

ရေးမြို့နယ်မှာ မနေ့ နေ့လယ်ပိုင်းက ဆေးပေါ့လိပ်မီး စွန့်ပစ်ရာကနေတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ရေး-မော်လမြိုင် ကားလမ်းဘေး မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စုအပိုင်၊ ပုပ္ဖဝတီကျေးရွာမှာ ဧပြီ ၂၃ ရက် နေ့လယ်  ၂ နာရီ ၅၅ မိနစ်အချိန်က ရာဘာရောင်းဝယ်ရေး ဆိုင်ခန်း ပိုင်ရှင်ဖြစ်သူ ဦးဇော်ဦးက ဆိုင်ခန်းအတွင်းရှိ အမှိုက်ခြင်းထဲကို ဆေးပေါ့လိပ်မီး စွန့်ပစ်ခဲ့ရာမှ အမှိုက်ခြင်းကနေတဆင့် အနီးရှိရာ ရာဘာပြားများကို မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို သက်ဆိုင်ရာတာဝန်ရှိသူနဲ့ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊  မီးသတ်ယာဉ် ၃ စီးနဲ့အတူ ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်က မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပေ ၂၀ ×၂၅ ပေ သွပ်မိုး အုတ်ညှပ် မြေစိုက်အဆောက်အဦ ၁ လုံး၊ တန်ဖိုးငွေကျပ် ၆၂၅၀၀၀ လောက်နဲ့ ဆိုင်ခန်းအတွင်းရှိ ရာဘာပေါင် ၁၀၀ ခန့် ကာလပေါက်ဈေး ငွေ ၇၅၀၀၀ ခန့် ဆုံးရှုံးခဲ့ပါတယ်။

မီးပေါ့ဆသူ ဦးဇော်ဦးကို ရေးမြို့မရဲ စခန်းမှ (ပ)/၁၂၆/၂၀၁၇ အရ ရာဇာသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013