DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် သိမ်းဆည်းခံလယ်ယာမြေကိစ္စ ဒေသခံတောင်သူများ ဆန္ဒပြ
DVB
·
April 24, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြေမွန်နဲ့ ဘူးကုန်းကျေးရွာမှာ ယခင်က စိုက်ပျိုးရေးဌာနနဲ့  တပ်မ ၃၃ က သိမ်းဆည်းခဲ့တဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ၁၀၀ ကျော်က ဧပြီ ၂၃ ရက် မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို မူရင်းလုပ်ကိုင်သူ တောင်သူတွေထံ ပြန်လည်ပေးဖို့အတွက် အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူ တောင်သူ ဒေါ်တင်ဌေးက“စိုက်ပျိုးရေးမြေမွန် မျိုးသန့်ခြံဌာနခွဲက မြေ ၁ ဧကကို ၄ တင်း ၅ တင်းနဲ့ အငှားချထားတာကို ပြန်လည်တောင်းတာပါ။ မြေစားလည်း မရခဲ့ပါဘူး၊ လျော်ကြေးလည်း မယူခဲ့ပါဘူး။ တောင်သူတွေ လက်ဝယ်ပြန်လည်ရရှိဖို့ ဥပဒေအတိုင်း မျှတစွာနဲ့ ဖြေရှင်းပေးပါလို့ နိုင်ငံတော်အစိုးရကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ‘လယ်ယာမြေများကို မူလတောင်သူများ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ပိုင်ခွင့်ရရှိရေး တို့အရေး၊ ဘိုးဘွားမိဘ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများ မြန်မြန်ဆန်ဆန် ပြန်လည်လုပ်ပိုင်ခွင့်ရရှိရေး တို့အရေး’ဟု ကြွေးကြော်ကာ ကန့်ဘလူမြို့ရှိ မြို့တွင်းလမ်းများမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သိမ်းဆည်းခံလယ်ယာတွေဖြစ်တဲ့ မြေမွန်ကျေးရွာ ကွင်းအမှတ် ၈၅၂၊ မိုးနံချောင်းအမည်ရှိ ကွင်းရဲ့ ဦးပိုင်အမှတ် ၂၂ ရှိ လယ်ယာမြေဧက ၇၂၀ နဲ့ ကွင်းအမှတ် ၈၅၄၊ ဦးပိုင်အမှတ် N-၆ ရှိ လယ်ယာမြေ ၄၀၉ ဧက တို့အား နိုင်ငံတော်စိုက်ပျိုးရေးလုပ်ငန်းမှ ၁၉၈၀ ခုနှစ်က လည်းကောင်း၊ ကွင်းအမှတ် ၈၅၅၊ ဦးပိုင်အမှတ် ၁၉ ရှိ လယ်ယာမြေ ၅၁၅ ဧကအား စစ်ကိုင်းတပ်မ ၃၃ က ၁၉၉၃ ခုနှစ်က လည်းကောင်း အသီးသီး သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013