DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူမှုဖြင့် အမှုဖွင့် (ရုပ်သံ)
DVB
·
April 23, 2017
နေပြည်တော်ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူမှုဖြင့် အမှုဖွင့် (ရုပ်သံ)
Donate to DVB

ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူ... by dvburma
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဥပဒေအရာရှိတဦးနဲ့ အမှုစစ်ရဲအရာရှိတဦးတို့ကို  နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ လာဘ်ငွေယူမှုနဲ့ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

ဇဗ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဥပဒေအရာရှိ ဦးကျော်သူရဝင်းနဲ့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မ ရဲစခန်းက ဒုတိယ ရဲအုပ်ခင်မောင်ညို တို့ကို အမှုဖွင့်တိုင်ကြားလာတာလို့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောပါတယ်။

ဥပဒေအရာရှိ ဦးကျော်သူရဝင်းဟာ (ပ) ၂၁၆ / ၂၀၁၆ နဲ့ တရားစွဲဆိုခံရတဲ့ တရားခံ ဦးဖိုးလုံးရဲ့သမက်ဖြစ်သူ ဦးသက်ထွန်းအောင်ထံက ကျပ်ငွေ သိန်း ၂၀ လာဘ်ငွေရယူခဲ့တယ်လို့ ပေါ်ပေါက်လာတဲ့အတွက် အမှုဖွင့် တိုင်ကြားခံရတာဖြစ်ပါတယ်။

ဒုရဲအုပ်ခင်မောင်ညိုကိုလည်း ငွေကျပ် ၇ သိန်း ဝန်းကျင် လာဘ်ငွေ ယူခဲ့လို့  ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ စစ်ဆေးရေးမှူးတွေဖြစ်တဲ့  ဦးအောင်မြင့်ဇော် နဲ့  ဦးစိုးသန်းတို့က တရားလိုလုပ်ပြီး ဧပြီ ၂၂ ရက်မှာ အမှုဖွင့် တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နေပြည်တော်ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူမှုဖြင့် အမှုဖွင့် (ရုပ်သံ)