DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ကျွဲ တရားမ၀င် ရောင်းဝယ်ဖောက်ကားသူ ၆ ဦး ဖမ်းမိ
DVB
·
April 23, 2017
ဘိုကလေးတွင် ကျွဲ တရားမ၀င် ရောင်းဝယ်ဖောက်ကားသူ ၆ ဦး ဖမ်းမိ
Donate to DVB

ဘိုကလေးမြို့နယ်၊ ဒေါင်ကြီးကျေးရွာမှာ ဧပြီလ ၂၀ ရက်နေ့က ကျွဲတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကား ၆ ဦးကို ဖမ်းမိခဲ့တယ်လို့ ဘိုကလေးမြို့မ ရဲစခန်းက ပြောပါတယ်။

ဘိုကလေးမြို့နယ် ဒေါင်ကြီးကျေးရွာ အရှေ့ဘက် ၁ မိုင်လောက်အကွာက ဓနိတော အတွင်းမှာ ဦးဗိုင်းစိန်၊ စောဘွဲ့မှူး၊ စောတူးဒို၊ နိုင်လင်းဦး၊ စောသော်မက်နဲ့ စောမဟောတို့ ၆ ဦးဟာ ကျွဲ ၂ ကောင်ကို လှီးဖြတ်ထားပြီး ကျွဲမ ၂ ကောင်ကို အရှင် ဖမ်းဆီးထားလို့ စက်ဆန်း နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိစဉ် အသားပိသာအချိန် ၁၀၀ လောက်ရမိခဲ့တယ်လို့ဆိုပါတယ်။ ကျွဲနွားတွေကို နယ်စပ်တွေမှာ တရားမဝင် ရောင်းချမှုတွေရှိတာကြောင့် ဘိုကလေးမြို့နယ် ချောင်းဗြဲကြီး ကျေးရွာအုပ်စု၊ ကဒုံကနိကျေးရွာအုပ်စုနဲ့ ဧရာကျေးရွာအုပ်စုတွေမှာ လယ်သမားတွေအနေနဲ့ တနှစ်ထက်တနှစ် ကျွဲပျောက်မှုတွေ များလာတယ်လို့ လယ်သမားတွေကပြောပါတယ်။

ကျွဲမှောင်ခိုအဖွဲ့တွေဟာ ဝယ်ယူလို့မရရင် ခိုးယူတာတွေပါ လုပ်လာတယ်လို့ ကျွဲပျောက်သူတွေက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013