DVB Logo
Home
မြန်မာသတင်း
သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှု သံသယရှိသူတဦးကို ထပ်မံဖမ်းဆီး
DVB
·
April 23, 2017
သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှု သံသယရှိသူတဦးကို ထပ်မံဖမ်းဆီး
1 / 6
Donate to DVB

သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ သံသယရှိသူ အမျိုးသား နောက်တဦးကို ဖမ်းမိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထပ်ပြီး ဖမ်းမိတဲ့သူဟာ လူသတ်မှုကျူးလွန်သူလို့ ယူဆထားတဲ့ အောင်ကိုကိုရဲ့ သူငယ်ချင်း  ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော် ဆိုသူဖြစ်ပြီး အောင်ကိုကိုရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်တုန်းက အဲဒီသူလည်း ပါဝင်ပါတယ်။

လူသတ်မှုကျူးလွန်တုန်းက အတူပါဝင်ခဲ့တဲ့ ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ)ဖြိုးသော်ကို ဧပြီ ၂၂ ရက်မှာ ထပ်မံဖမ်းမိထားပြီး အမှုမှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

လူသတ်မှုကျူးလွန်သူလို့ ယူဆထားတဲ့ အောင်ကိုကို ယူသွားတဲ့ သေဆုံးသူ ကိုဝေယံဟိန်းရဲ့ တိုရှီဘာ အမျိုးအစား Laptop ကွန်ပျူတာ နဲ့  iPhone SE လက်ကိုင်ဖုန်းတို့ကိုလည်း ပြင်ဦး လွင်မြို့(၆)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ကန်တော်လေးကန်ကနေ ဆယ်ယူရရှိထားပါတယ်။

အခင်းဖြစ်စဉ်မှာတွေ့တဲ့ ဆံပင်ကိုလည်း မသင်္ကာသူနှစ်ဦးရဲ့ ဆံပင်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ဖို့ ဓာတုဗေဒစစ်ဆေးရေးဌာနကို ပေးပို့ ထင်မြင်ချက်တောင်းခံထားပါတယ်။

တိုင်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူစိတ်ဝင်စားတဲ့  မှုခင်း ဖြစ်စဉ်အပေါ် ကနဦးသတင်းတွေ ဖော်ပြပေးခဲ့ပြီး အမှုအား ဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးဆောင်ရွက် နေပြီး တွေ့ရှိချက်တွေကိုလည်း ဆက်လက် အသိပေးဖော်ပြသွားမယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ ကိုဝေယံဟိန်းရဲ့ ဖခင်ဖြစ်သူကလည်း သူ့သား အသတ်ခံရမှုမှာ ကျူးလွန်သူဟာ တယောက်တည်း မဖြစ်နိုင်ဘူးလို့ မီဒီယာကို ထုတ်ပြောထားပါတယ်။

သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ ကိုဝေယံဟိန်းဟာ ဧပြီ ၁၄ ရက်က သူ့ အလုပ်ခန်းထဲမှာပဲ ထိုးသွင်းဒဏ်ရာ ၁၅ ချက်နဲ့ သေဆုံးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013