DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့တွင် လူ ၃၀ ကျော် အစာဆိပ်သင့်
DVB
·
April 22, 2017
တနင်္သာရီမြို့တွင် လူ ၃၀ ကျော် အစာဆိပ်သင့်
1 / 6
Donate to DVB

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ သဘော့လိပ် ကျေးရွာမှာ ဧပြီ ၂၂ ရက် မနက်ပိုင်းက အလှူအိမ် ဆွမ်းကျွေးတရားနာပွဲကအပြန် လူအယောက် ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ သဘောလိပ် ကျေးရွာမှ ကျေးရွာရှိ လူနေအိမ်တခုမှ ဆွမ်းကျွေး အလှူပွဲ ပြုလုပ်ရာမှ ပုစွန်ချဉ်နဲ့ ကင်းမွန်ကြော် (ပြည်ကြီးငါး) တို့ကို စားသုံးမိရာမှ သဘော့လိပ်ကျေးရှာရှိ ဝဏ္ဏသီရီကျောင်းက ဆရာတော် ၁ ပါးနဲ့ ကိုရင်လေး ၆ ပါး အပါဝင် ကျေးရွာသူ/သား ၂၅ ဦး၊ စုစုပေါင်း ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့  တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

“အလှူအိမ်မှာ အစားမှားလို့ အစာဆိပ်သင့်မှု ဖြစ်ပွားတာပါ။ ပုစွန်ချဉ်နဲ့ ကင်းမွန်ကြော် (ပြည်ကြီးငါး) တို့ကို စားမိရာက ၀မ်းပျက် ၀မ်းလျောတဲ့ ဝေဒနာတွေကို ခံစားရပြီး အစာဆိပ်သင့်မှု ဖြစ်တာ။”

အစာဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့ လူနာတွေကို အမှတ် (၅၆၁) တပ်ရင်းမှူးနဲ့ ဆေးမှူးများ၊ ကျန်းမာရေးဌာနမှ ဆရာ ဆရာမမ တွေနဲ့ သဘော့လိပ် ဘုန်းတော်ကြီးကျောင်းမှာ ဆေးဝါး ကုသပေးလျှက်ရှိပြီး၊ လက်ရှိမှာ လူနာများ အားလုံး ပြန်လည် သက်သာနေပြီလို့ သိရပါတယ်။

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013