DVB Logo
Home
မြန်မာသတင်း
မြ၀တီမြို့တွင်း မြို့ပြင် မြေဈေးများ တက်
DVB
·
January 23, 2012
မြ၀တီမြို့တွင်း မြို့ပြင် မြေဈေးများ တက်
Donate to DVB

[caption id="attachment_20253" align="alignleft" width="310" caption="မြဝ​တီ​တံ​တား​​ပေါ်​မှ​ ​မြန်​မာ​ပြည်​ဘက်​သို့​​မြင်​ကွင်း​"][/caption]

မြ၀တီတံတားဖွင့်ပြီးနောက်​ ​မြ၀တီမြို့တွင်းက ​မြေဈေးတွေရော မြို့ပြင်က​ ​မြေဈေးတွေပါ တက်ကုန်တာလို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်နေသူ တဦးက ပြောပါတယ်။

“လက်တလောမှာ မြေဈေးက မိန်းလမ်းရော၊ မြို့ပြင်တွေမှာရော​ ​ဈေးတော်တော် မကြုံဖူးလောက်အောင် တက်တယ်ပေါ့​ ​မြေတွေက။ ​နောက်တခါ ပေ ၆၀ ပတ်လည် အသစ်ချတဲ့ အကွက်တွေက ငွေ ၅ သိန်း သွင်းရတယ် ၂၀၁၀ မှာ။ အဲဒီအချိန်မှာ မြေဈေးက အကြမ်းဖျင်း ၄၀-၄၅-၅၀ လောက်ကနေပြီးတော့ ၁၅၀ လောက်အထိကိုပဲ အော်နေကြတယ်။”

အဲ့ဒီနေရာမှာ ပေ ၄၀-၆၀ မြေကွက်ပေါင်း သုံးရာလောက်ရှိပြီး​ ​မြေ၀ယ်ယူသူသာရှိပြီး​ ​ရောင်းမယ့်သူ မရှိဘူးလို့လည်း ပြောပါတယ်။ အထူးသဖြင့် ဘုရင့်နောင် မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ မြို့တွင်းမြို့ပြင် မြေကွက်ဈေးတွေ မကြုံစဖူး ဈေးကောင်းရနေကြတာပါ။

မနှစ်က မြို့တွင်း သိန်း ၁၅၀၀ လောက်ပဲ ပေးရတဲ့ ပေ ၄၀-၆၀ မြေကွက်မျိုး အလားတူကို  ဒီနှစ်မှာ ကျပ်သိန်း ၃၀၀၀ ကျော် ဈေးပေါက်နေတာပါ။

မြ၀တီမြို့တွင်း မြို့ပြင် မြေ၀ယ်ယူနေသူတွေဟာ မြ၀တီမြို့က လုပ်ငန်းရှင်တွေရော၊ တခြားမြို့ရွာတွေက လုပ်ငန်းရှင်တွေပါ ဖြစ်ကြပြီး အထူးသဖြင့်တော့ စီးပွားရေးလုပ်ဖို့ ၀ယ်ယူနေကြတာ​ ဖြစ်ပါတယ်။

မြ၀တီစက်မှုဇုန် တည်ဆောက်မယ့် သတင်းကြောင့်လည်း ခုလို မြေဈေးတွေ တက်ကုန်တာ ဖြစ်ပါတယ်။

မြ၀တီစက်မှုဇုန်ကို မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် ကျေးရွာအုပ်စု၊ ရာသစ်ကျေးရွာအနီး မြေဧက ၇၄၀ ပေါ်မှာ တည်ဆောက်သွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013