DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့တွင် ဦးဇင်းတပါး ကြိုးဆွဲချ
DVB
·
April 22, 2017
ကော့သောင်းမြို့တွင် ဦးဇင်းတပါး ကြိုးဆွဲချ
Donate to DVB

ကော့သောင်းမြို့၊ ပြည်တော်အေးကမ္မဋ္ဌာန်း ကျောင်းက ဦးဇင်းတပါး ဧပြီ ၂၀ ရက် ညပိုင်းက ကြိုးဆွဲချမှု ဖြစ်ပွားခဲ့ပါတယ်။

ကြိုးဆွဲချ ပျံလွန်သွားတဲ့ ဦးဇင်းက ဦးကလျာ (ခ) ကျော်ဝေလတ် သက်တော် ၂၇ နှစ်၊ ၀ါတော် ၆ ဝါ ဖြစ်ကြောင်း သိရပြီး စိတ်ကျရောဂါ ခံစားနေရကြောင်း၊ ဘယ်သူနဲ့မှ စကားမပြောဘဲ တပါးတည်း တရားထိုင်နေလေ့ရှိကြောင်း၊ နေ့တိုင်း ည ၇ နာရီထိုးတိုင်း လေဖြတ်နေတဲ့ ဦးဇင်းသုစိတ္တကို တရားထိုင်တဲ့နေရာကို တွဲပို့တတ်ကြောင်း ကျောင်းစည်းကမ်းထိန်း ဆရာတော် အရှင်ကေသရက ပြောပါတယ်။

အခင်းဖြစ်ညက ဦးသုစိတ္တအား တွဲပို့တာကို မတွေ့လို့ ဦးဇင်းအရှင်သောဘိတက ဦးဇင်းရှင်ကလျာ နေထိုင်ရာအခန်းကို သွားခေါ်ရာ ပြန်ထူးသံ မကြားရလို့ တံခါးအား တွန်းဖွင့် ဝင်ကြည့်ရာ ကြိုးဆွဲချ ပျံလွန်တော်မူနေတာ တွေ့ရလို့ ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဖို့ ကော့သောင်းမြို့ မြို့မရဲစခန်းမှာ ဒုရဲအုပ်ဟန်ဘိုဘိုထွန်းက တရားလို ပြုလုပ်ပြီး သေမှုသေခင်း အမှတ်စဉ် (၁၈/၂၀၁၇) နဲ့ အမှုဖွင့်အရေးယူ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013