DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် မိုးကြိုးထိမှန်၍ ဇနီးမောင်နှံနှစ်ဦး တပြိုင်တည်း သေဆုံး
DVB
·
April 22, 2017
ကျောက်တော်တွင် မိုးကြိုးထိမှန်၍ ဇနီးမောင်နှံနှစ်ဦး တပြိုင်တည်း သေဆုံး
Donate to DVB

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပြည်ကြီးကျေးရွာမှာ ဧပြီ ၂၁ ရက်နေ့ ညနေ ၃ နာရီဝန်ကျင်းက မိုးကြိုးထိမှန်တာကြောင့် ဇနီးမောင်းနှံ နှစ်ဦး တပြိုင်တည်း သေဆုံးသွားတယ်လို့ ရွှေပြည်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ဒီဗွီဘီကိုပြောပါတယ်။

“မနေ့က ဘယ်အချိန်မှာ သူတို့နှစ်ဦး မိုးကြိုးအပစ်ခံရတယ်ဆိုတာ မသိဘူး။ ကျနော်တို့သတင်းရလို့ သွားကြည့်တဲ့အချိန်မှာကတော့ ၅ နာရီဝန်းကျင်လောက်ရှိပါတယ်။ မိန်းမဖြစ်သူကတော့ ထမင်းချက်ဖို့ လုပ်နေတာ။ အဲဒီမှာ မိုးကြိုးအပစ်ခံရတာ။ ထိုင်ပြီးသေနေတယ်။ ယောက်ျားဖြစ်သူကတော့ အစွန်းနားမှာ သေနေတာ၊ တပြိုင်နက်တည်း နှစ်ဦးလုံး သေနေတာပါ။ မိန်းမမှာတော့ ဘေးဘက်အထက်ပိုင်းတခြင်းလုံး မီးလောင်းကျွမ်းသလို ယောက်ျားကတော့ ရင်ဘတ်တခုလုံး မဲနေတယ်။”

မနေ့က နေ့လယ်က ၁ နာရီကြားနဲ့ ၃ နာရီကြားတခါ မိုးရွာသွန်းခဲ့ပြီး ညနေ ၇ နာရီအထိ မိုးဆက်တိုက်ရွာကာ မိုးကြိုးတွေ ခဏခဏပစ်နေခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

သေဆုံးသူနှစ်ကတော့ ကိုသန်းဌေး အသက် ၂၉ နှစ်နဲ့ မဘုဘု အသက် ၂၈ နှစ် ရွှေပြည်ကျေးရွာကဖြစ်ပြီး သေဆုံး အလောင်းတွေကို မနေ့ည ၉ နာရီအချိန်က ရွှေပြည်ကျေးရွာကနေ ကျောက်တော်ရင်ခွဲရုံကို သယ်ယူလာခဲ့ပါတယ်။

မိုးကြိုးအပစ်ခံရလို့ သေဆုံးသူနှစ်ဦးကိုတော့ ဒီကနေ့နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်မှာဖြစ်ပြီး သူတို့နှစ်ဦးမှာ အသက် ၄ နှစ်အရွယ် ယောက်ျားလေးတဦးနဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးတဦး ကျရစ်ခဲ့ပါတယ်။

သူတို့နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ ကျောက်တော်မြို့မ ရဲစခန်းက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ-ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013