DVB Logo
Home
မြန်မာသတင်း
ရွာသားများဆန္ဒပြ၍ မိုင်းကိုင်ကျောက်မီးသွေးတူးဖော်မှု ရပ်ဆိုင်းမည်ဟု ကုမ္ပဏီက ကတိပေး
DVB
·
April 21, 2017
ရွာသားများဆန္ဒပြ၍ မိုင်းကိုင်ကျောက်မီးသွေးတူးဖော်မှု ရပ်ဆိုင်းမည်ဟု ကုမ္ပဏီက ကတိပေး
1 / 10
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ထဲမှာ ကျောက်မီးသွေးထုတ်လုပ်နေ တာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် လုပ်ငန်းရုပ်သိမ်းပေးမယ်လို့ ကုမ္ပဏီက ကတိပေးခဲ့ကြောင်း သံဃာတော်တပါးက မိန့်ပါတယ်။

ဒေသခံရွာသားတွေနဲ့ ရဟန်းသံဃာတော်တွေက ဧပြီ ၁၁ ရက်နေ့မှာ ဆန္ဒပြတာ၊ ကျိန်စာတိုက်တာတွေ ပြုလုပ်ပြီးတဲ့နောက် ပြည့်အောင်ဟိန်း နဲ့ ဟိန်းမေတ္တာ ကုမ္ပဏီက တာဝန်ရှိသူ ၆ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က မိုင်းကိုင်မြို့ ကန်မိုင်းကျောင်းတိုက်ကို လာရောက်ပြီး မေ ၁၃ ရက် နောက်ဆုံးထား လုပ်ငန်းပိတ်သိမ်းပေးမယ့်အကြောင်း ကတိပေးသွားတယ်လို့  မိုင်းကိုင်မြို့နယ် မွေတော်ကျောင်းတိုက်မှ  ဦးဇင်း ဆောဇေယျက ဒီဗွီဘီကို မိန့်ပါတယ်။

“အဲဒီနေ့က သူတို့ရောက်လာတာ ပထမတော့ ကျောက်မီးသွေး ဆက်ပြီးတူးဖော်ခွင့်ပြုဖို့ လာပြီး ညှိနှိုင်းတယ်။ ဒါပေမယ့် သံဃာနဲ့ ရွာသားတွေက လုံးဝသဘောမတူဘူး၊ ချက်ချင်း ရပ်ဆိုင်း ဖို့ပြောတယ်။ သူတို့က ပစ္စည်းတွေ ဘာတွေ ရွှေ့ရမယ်ဆိုတော့  ညှိနှိုင်းရင်းနဲ့ တလအတွင်း အပြီးရပ်ဆိုင်းဖို့ သဘောတူလိုက်တယ်။  မေလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်း ပိတ်သိမ်းဖို့ပေါ့။”

တကယ်လို့ ပြောထားတဲ့အတိုင်း လုပ်ငန်းမရပ်ဆိုင်းဘူးဆိုရင်တော့ ဆန္ဒပြမှု အရှိန်မြှင့် လုပ်ဆောင်မှာဖြစ်ပြီး  ထိခိုက်ပျက်စီးမှုတွေကိုလည်း တာဝန်မယူဘူးလို့  ရွာသားတွေက တိုင်ပင်ထားကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းဟာ မိုင်းကိုင်မြို့ တောင်ဘက် ၀မ်ယတ်ခမ်း နားကျေးရွာအုပ်စု ၀မ်တီးရွာဟောင်းဘက်မှာ တည်ရှိပြီး ကျောက်မီးသွေးမတူးဖော်ခင် သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းခံခဲ့ရသလို တူးဖော်ပြီးတော့လည်း  အဲဒီကထွက်တဲ့ အညစ် အကြေးတွေဟာ အနီးနားရှိ လယ်ကွင်း နဲ့ ချောင်းရေတွေထဲ စိမ့်ဝင်စီးဆင်းသွားတာကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အနီးနားရှိ ပြည်သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့  ဦးဇင်းက မိန့်ပါတယ်။

အဆိုပါကုမ္ပဏီတွေဟာ ၂၀၁၃ ခုနှစ်က မြေသားအခြေအနေ ကွင်းဆင်းလေ့လာပြီး အနီး နားရှိ ရွာသားအနည်းငယ်ကို စည်းရုံးကာ သဘောတူလက်မှတ်ထိုးစေခဲ့ကြောင်း၊ အဲဒီေ နာက် ၂၀၁၄ မှာ စတင်အကောင်အထည်ဖော်ခဲ့တာလို့ ဆိုပါတယ်။

ဒီလုပ်ငန်းကို မိုင်းကိုင်ပြည်သူလူထုက သဘောမတူလို့ ဆန္ဒပြပွဲ ၃ ကြိမ် ပြု လုပ်ခဲ့သလို မိုင်းကိုင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်ဆိုင်မိုင်း ကလည်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။  လုပ်ငန်းခေတ္တရပ်ဆိုင်းသွားပြီး ဒီနှစ် မတ်လပိုင်းမှာ လုပ်ငန်းပြန်စလာလို့  ဧပြီလ ၁၁ ရက်နေ့မှာ ၄ ကြိမ်မြောက် ဆန္ဒပြခဲ့ကြတာပါ။

ကုမ္ပဏီက ပြောထားတဲ့အတိုင်း ကတိတည်မတည်ကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ဦးဇင်းက မိန့်ကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တာချီလိတ်မြို့ရှိ ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေးရှိနေတဲ့အတွက်မဖြေကြားချင်တဲ့အကြောင်း ပြောပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013