DVB Logo
Home
မြန်မာသတင်း
ဒေါ်လာ ၉ သောင်း လိမ်သွားသည့် နိုင်ငံခြားသား၂ ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းမိ
DVB
·
April 21, 2017
Donate to DVB

မြန်မာငွေလဲလုပ်ငန်းရှင်တဦးထံကနေ အမေရိကန်ဒေါ်လာ ၉ သောင်း လိမ်လည်သွားတဲ့ ဂျော်ဂျီယာနိုင်ငံသား ၂ ဦးကို နာရီပိုင်းအတွင်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၀ ရက် ညနေ ၄ နာရီလောက်က ရန်ကုန်မြို့  ကျောက်တံတားမြို့နယ်နေ ဦးဇော်ဝင်း ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Pacific Money Changer မှာ  အသက် ၅၀ ကျော်အရွယ် နိုင်ငံခြားသား ၂ ဦးရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၉ သောင်းအားဝယ်ယူလိုကြောင်း ပြောဆိုခဲ့လို့ ၁ ဒေါ်လာလျင်  မြန်မာငွေကျပ် ၁၃၅၀နှုန်းနဲ့ ပြန်လည်ရောင်းချပေးဖို့ လက်ခံသဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်လာ ၉ သောင်းကို ကြွပ်ကြွပ်အိတ် ၃ အိတ်နဲ့ ဒေါ်လာ ၃ သောင်းစီအားထုပ်ထည့်ကာ အတက်ချီကေ့စ်လက်ကိုင်သေတ္တာနဲ့ ကောင်တာပေါ်တင်လျက် ဖွင့်ထည့်ထားပြီး မြန်မာငွေတွေ သွားယူဦးမယ်လို့ ပြောဆိုကာ အတက်ချီကေ့စ်ကို ဆိုင်အတွင်း ကောင်တာပေါ် ထားရှိကာ ထွက်သွားခဲ့တာပါ။

အတက်ချီကေ့စ်ကို အဆိုပါနိုင်ငံခြားသားနှစ်ဦးက လာရောက်ယူဆောင်ခြင်းမရှိလို့ ဖွင့်ကြည့်ရာမှာ သေတ္တာထဲမှာ ဆိုင်မှဝယ်ယူထားတဲ့ ဒေါ်လာတွေ မဟုတ်ဘဲ အမေရိကန်ဒေါ်လာတစ်အုပ်စီမှာ  ရှေ့နောက် ၁၀၀ တန် ဒေါ်လာငွေတွေစည်းပြီး အတွင်းမှာ ၁ ဒေါ်လာတန်ငွေတွေ ထည့်သွင်းထားတဲ့ ဒေါ်လာငွေ ၃ အုပ်ဖြစ်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နိုင်ငံခြားသား ၂ ဦးအား အရေးယူပေးဖို့ တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်းက အမှုဖွင့်ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေထံ ဆက်သွယ်ပေးပို့ ရှာဖွေခဲ့တာပါ။

ရန်ကုန်လေဆိပ်မှာ ပိတ်ဆို့ရှာဖွေခဲ့ရာ ဓာတ်ပုံမှတ်တမ်းပါ ပုံသဏ္ဌာန်နဲ့တူတဲ့ နိုင်ငံခြားသားနှစ်ဦးကို ဧပြီ ၂၁ ရက်ည ၀၀း၄၅ အချိန် လေဆိပ်မှာ တွေ့ရှိလို့ ထိန်းသိမ်းပြီး ခေါ်ယူ စစ်ဆေးခဲ့ရာမှ ၀တ်ဆင်ထားတဲ့ အတွင်းခံဘောင်ဘီးအတွင်းမှ အမေရိကန်ဒေါ်လာ ၉ သောင်း အား တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူ နိုင်ငံခြားသား ၂ ဦးဟာ ဂျော်ဂျီယာနိုင်ငံသား  Mr.JANJGAVA REVAZ  ၆၄ နှစ်နဲ့ Mr. NARMANIA MALKHAZ ၅၁ နှစ်တို့ဖြစ်ကြပြီး ကမ္ဘာလှည့်ခရီးသွား ဗီဇာကိုင်ဆောင်ထားသူတွေဖြစ်ပြီး ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013