DVB Logo
Home
မြန်မာသတင်း
မြောက်ဦး မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်
DVB
·
April 21, 2017
မြောက်ဦး မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်
1 / 5
Donate to DVB

မြောက်ဦး မြတန်ဆောင်ဆရာတော် ဦးနန္ဒာသာရနဲ့ ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်မြို့နယ် အသီးသီးက ပြည်သူတွေက ဒီနေ့ နေ့လယ်ပိုင်း မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆရာတော်နန္ဒသာရနဲ့ ခိုင်နီမင်းတို့ကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်သူ မြသာထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“ဆရာတော်နဲ့ ခိုင်နီမင်းကို ရက္ခိုင့်တပ်မတော်(အေအေ)ထောက်ခံမှုနဲ့ ဖမ်းဆီးလိုက်တယ်ပေါ့။ ဗီနှိုင်းတခုတည်းနဲ့ ပွဲတပွဲသာ လုပ်တာပါ။ သူတို့နဲ့ အေအေနဲ့လည်း ပတ်သက်မှုမရှိဘူး။ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အတင်းအဓမ္မဖမ်းခေါ်သွားတယ်။ ဒီလောက်အခွင့်အရေးတော့ ကျနော်တို့ လူမျိုးတမျိုးအနေနဲ့ ရသင့်တယ်လို့မြင်တယ်။ ဆရာတော်နဲ့ ခိုင်နီးမင်းကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ ဒါကြောင့် ကျနော်တို့  ဒီကနေ့ဆန္ဒ ထုတ်ဖော်မှုကို လုပ်ရတာဖြစ်ပါတယ်။”

ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုဇော်ဝင်းကလည်း အခုလို ဖမ်းဆီခေါ်ဆောင်သွားတာ နိုင်ထက်စီးနင်းလုပ်တာလို့ ပြောပါတယ်။

“မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအပေါ်မှာ နိုင်ထက်စီးနင်းလုပ်တယ်လို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ဘယ်အရာမဆို ကိုးကွယ်ယုံကြည်ပိုင်ခွင့်ရှိတယ်။ ဒါက အဲ့လောက်အဆင့် မဟုတ်သေးဘူး။ အေအေရဲ့ ၈ နှစ်မြောက်အခမ်းအနားကို ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲအားကစားပွဲလုပ်တယ်။ ပြီးတော့ ပြည်သူလူထုကို အသိပညာပေးဟောပြောပွဲတွေလုပ်တယ်။ ဒါက အထိမ်းအမှတ်လုပ်တာ။ အေအေကို ထောက်ခံ တာမဟုတ်ဘူး။ ဖွဲ့စည်းပုံအရ ဖမ်းတယ် လုပ်တယ်ဆိုရင် အဲ့ဒီဖွဲ့စည်းပုံဟာ ဟောင်းနွမ်းနေပြီး ပြည်သူလူထု အကျိုးစီးပွားကို ဆုတ်ယုက်စေတယ်။ ဖွဲ့စည်းကိုပြင်ကိုပြင်ဖို့လိုတယ်။”

ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပတာဟာ မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ပုဒ်မ ၁၇(၁) နဲ့ အာဏာပိုင်တွေက ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းကဖမ်းဆီးလိုက်တာပါ။

ဆန္ဒပြသူတွေက မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းတို့အား ချက်ချင်းလွှတ်ပေးရေး၊ ရဟန်းသံဃာများအား အစိုးရမှလေးစားပါ။ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကိုအစိုးရမှ လေးစားပါ။ အစိုးရမှ တိုင်းရင်းသားများကို လေးစားပါ။ လူ့အခွင့်အရေးအရ မိမိယုံကြည်ရာ လုပ်ခွင့်ရှိသည်၊ မတရားအသင်းဥပဒေကို ဖျက်သိမ်းပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ ပိုစတာ ဗွီနှိုင်း စတာတွေ ကိုင်ဆောင်ပြီး မြို့ပတ်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆရာတော်နဲ့ ခိုင်နီမင်းကိုတော့ စစ်တွေထောင်မှာ ဖမ်းဆီးထားပြီး လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးသွားမှာပါ။ မြောက်ဦးမြို့ မြတန်ဆောင် ဘုန်းတော်သင်ပညာရေးကျောင်း(ဘက)မှာ ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်လောက် ပညာသင်ယူနေကြပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ-ထွန်းနီဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြောက်ဦး မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်