DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တွင် မိုင်းရှာဖွေရေးတာဝန်ထမ်းဆောင်မည့် ရဲခွေးလိမ္မာရမ်ဘို -ဓာတ်ပုံ
DVB
·
April 21, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုမှာ  မိုင်းရှာဖွေရေး တာဝန်တွေကို ထမ်းဆောင်ရင် သင်္ကြန်တွင်းမှာ သေဆုံးသွားတဲ့   တပ်ကြပ်ကြီးအဆင့်ရှိ ခွေးကလေး  မိုက်ကယ်အစား တပ်သား ရမ်ဘိုက တာဝန်ထမ်းဆောင်မယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အသက် ၁ နှစ်ခွဲအရွယ်ရှိ လက်ဘရောအမျိုးအစား တပ်သား ရမ်ဘိုဟာ အမှတ်(၁) စစ်ဘက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်းမှာ မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေရေးသင်တန်း တက်ရောက်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က သင်တန်းဆင်းကာ   ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုမှာ တာဝန်ထမ်းဆောင်နေတာလို့ ဆိုပါတယ်။

တပ်သား ရမ်ဘိုဟာ  ရန်ကုန်အခြေစိုက် အမေရိကန်နဲ့  ပြင်သစ်သံရုံးတွေမှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ မိုင်းရှင်းလင်းရေးတာဝန်တွေယူခဲ့သလို  ဘောလုံးအကယ်ဒမီကျောင်း ဖွင့်ပွဲအခမ်းအနား၊ ၂၀၁၇  မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးပေးပွဲအခမ်းအနားနဲ့ ၂၀၁၇ မဟာသင်္ကြန်ပွဲတော်မှာ မိုင်းရှင်းလင်းရေး တာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013