DVB Logo
Home
မြန်မာသတင်း
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအား သတ်သူကို ဖမ်းမိပြီဟု ရဲတပ်ဖွဲ့ပြော
DVB
·
April 21, 2017
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအား သတ်သူကို ဖမ်းမိပြီဟု ရဲတပ်ဖွဲ့ပြော
1 / 4
Donate to DVB

သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ ကိုဝေယံဟိန်းကို သတ်ခဲ့တဲ့ အောင်ကိုကို ဆိုသူအား ဖမ်းမိထားပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လူသတ်မှုဖြစ်ပွားပြီး ၄ ရက်အတွင်း လူသတ်တရားခံကို ဖမ်းမိတာဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုကြောင့် လူသတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုရဲ့ ဖော်ထုတ်ချက်အရ သေဆုံးသူ ဝေယံဟိန်းဟာ သူ့ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုနဲ့  လူမှုရေးဖောက်ပြန်နေကြောင်းသိရတဲ့အတွက် ဧပြီ ၁၁ ရက်မှာ  ဇနီးနဲ့ သားဖြစ်သူတို့အား နေအိမ်အတွင်းထားပြီး အပြင်မှသော့ခတ်ထားခဲ့တယ်။ နေအိမ်ကို သူ ပြန်ရောက်တော့ ဇနီးနှင့် သားဖြစ်သူတို့ကို မတွေလို့ ဝေယံဟိန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတယ်။

ဧပြီ ၁၄ ရက်မှာ ဝေယံဟိန်းက အောင်ကိုကိုဆီဖုန်းဆက်ပြီး ဒဂုံဧရာအဝေးပြေးဝင်းမှာ  အယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူအားတွေ့တယ်လို့ ပြောတယ်။ အကြောင်းစုံသိလိုပါက သူရှိနေတဲ့ သံမဏိနှင်းဆီဂျာနယ်တိုက်ကို လာဖို့ပြောလို့ အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အောင်ကိုကိုက ဂျာနယ်တိုက်ကို သွားခဲ့တယ်။

ဂျာနယ်တိုက်ရောက်တော့ ဝေယံဟိန်းနဲ့ အောင်ကိုကိုတို့ တယောက်တခွန်းစကားများခဲ့ပြီး အောင်ကိုကိုက စားပွဲပေါ်ရှိ ဓားဦးချွန်နဲ့  ဝေယံဟိန်းရဲ့ ၀မ်းဗိုက်အား ၁၄ - ၁၅ ချက်ခန့် ထိုးနှက်ခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ပြစ်မှုကျူးလွန်ရန် မသင်္ကာတဲ့ အကြောင်းများကြောင့် ရဲတပ်ဖွဲ့ဝင်တွေက အောင်ကိုကိုအား စုံစမ်းခဲ့ရာ ဧပြီ ၁၅ ရက်မှာ ပြင်ဦးလွင်မြို့ရှိ အောင်ကိုကိုရဲ့ မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာကို တိမ်းရှောင်ထွက်ပြေးနေကြောင်း စုံစမ်းသိရပြီး သွားရောက်ဖမ်းဆီးခဲ့ရာမှာ အောင်ကိုကိုနဲ့ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုတို့ကို ဧပြီ ၁၉ရက်ညနေပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ လိုပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်ပြီး တချို့သတင်းဌာနတွေက မလိုလားအပ်တဲ့ ထင်မြင်ယူဆချက်တွေနဲ့ ရေးသားဖော်ပြနေကြတဲ့အတွက် တိုင်းရဲတပ်ဖွဲ့က လူသတ်မှုသတင်းအမှန်ကို အမြန်ထုတ်ပြန်ပေးလိုက်တယ်လို့လည်း တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013