DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူဒုက္ခသည်များ အိမ်မပြန်နိုင်သေး၊ စားနပ်ရိပ်က္ခာလိုအပ်
DVB
·
April 21, 2017
မြိုင်ကြီးငူဒုက္ခသည်များ အိမ်မပြန်နိုင်သေး၊ စားနပ်ရိပ်က္ခာလိုအပ်
Donate to DVB

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းက ကရင်ပြည်နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ဒီကနေ့အထိ အိမ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

တိုက်ပွဲကြောင့် မယ်သဝေါဒေသက ပြည်သူ ၅၀၀၀ လောက် မြိုင်ကြီးငူဒေသကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး အစောပိုင်းကတော့ အကူအညီတွေရှိတဲ့အတွက် အစားသောက်အတွက် အဆင်ပြေခဲ့ပေမယ့် အခုနောက်ပိုင်း ကူညီမယ့်သူမရှိလို့ စားနပ်ရိက္ခာအခက်အခဲဖြစ်နေတယ်လို့ ဖလုံစဝေါ်ပါတီက  ဦးဘိုးနီက ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ သူတို့အဓိကကတော့ ဆန်ပဲလေ။ ဆန်ရှိရင်တော့ သူတို့ မပူဘူးပေါ့။ သက်သတ်လွတ်ဆိုတော့ ရှိတဲ့ဟာနဲ့ပဲ စားတာပေါ့။ ခါတိုင်းကတော့ သူများလာလှူတော့ ဟင်းသီးဟင်းရွက်တွေ ဘာတွေနဲ့ မနက်ည စားရတာ သူတို့ အဆင်ပြေတာပေါ့။ အခုကတော့ လာလှူတဲ့သူ မရှိဘူးဆိုတော့ ရှိတာနဲ့ပဲ စားတာပေါ့။”

ဒါ့အပြင် စားသောက်ဖို့ ဆန်ကိုလည်း မြိုင်ကြီးငူဆရာတော်က အလှူခံထားတဲ့ဆန်နဲ့ပဲ စားသောက်ကြရပြီး တခြားအကူအညီမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ တဲတန်းလျားနဲ့နေထိုင်ရတဲ့အတွက်လည်း မိုးဦးကျချိန်မှာ အမိုးအကာလို အပ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဦးဘိုးနီက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်အထိ ပြည်နယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သွားရောက်ကူညီထောက်ပံမှုတွေရှိခဲ့ပေမယ့် မတ်လလောက်မှာ ဘာအကူအညီမှ မရတော့ဘူးလို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ် မယ်သဝေါဒေသမှာ လတ်တလောတိုက်ပွဲတွေ ဖြစ်ပွားတာမရှိတော့ပေမယ့် ဒေသခံတွေကတော့ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်မပြန်သေးဘဲ   မြိုင်ကြီးငူ ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှာပဲ  ဆက်လက်ခို လှုံနေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013