DVB Logo
Home
မြန်မာသတင်း
မောင်တောဓားပြမှုနှင့်ပတ်သက်ပြီး မသင်္ကာသူ ၇ ဦးကိုဖမ်းဆီး
DVB
·
April 21, 2017
မောင်တောဓားပြမှုနှင့်ပတ်သက်ပြီး မသင်္ကာသူ ၇ ဦးကိုဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့  ဓားပြမှုနဲ့ပတ်သက်ပြီး မသင်္ကာဖွယ် လူ ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

သဝန်ချောင်းကျေးရွာမှာ ဧပြီ ၁၇ ရက်နေ့က  လူ ၄ ဦးပါဝင်တဲ့ ဓားပြအဖွဲ့က ၀င်ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်လို့ ရွာသား ၁ ဦး ဒဏ်ရာရခဲ့တာဖြစ်ပြီး  နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ဧပြီ ၁၉ ရက် ညနေမှာ  မောင်တောမြို့နယ်၊ အင်းဒင် အနောက်ရွာ (ခ) ထုန်ဆင်းကျေးရွာသို့ သတင်းအရ ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားသူတွေကတော့  နိုရိုဆလမ် ၂၄ နှစ်၊ ဆီရာဆူ ၁၅ နှစ်၊ ရော်ဖီအူလာ ၁၃ နှစ်၊ ရော်ဘီ ၂၇ နှစ်၊ မာမောက်အီစွပ် ၄၅ နှစ်၊ ခိုက်ရိုဆလင် ၂၀ နှစ်နဲ့ နိုရိုလာမိန် ၂၆ နှစ်တို့ ဖြစ်ကြပြီး ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013