DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ၁၅ နှစ်အရွယ် ကလေးမအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
DVB
·
April 21, 2017
မိုးညှင်းတွင်  ၁၅ နှစ်အရွယ် ကလေးမအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှာ ဧပြီ ၁၉ ရက်မနက် ၆း၃၀ အချိန်က အသက် ၁၅ နှစ်အရွယ် ကလေးမအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူကို မိုးညှင်းရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က ပြုကျင့်ခံရတဲ့ မ---- အသက် ၁၅ နှစ်ဟာ သူ့အဒေါ်ဖြစ်သူ ဒေါ်ခေါန်နူးက အိမ်ဆောက်ပစ္စည်းဝယ်ဖို့ ခိုင်းစေတာကြောင့် လက်သမားဖြစ်သူ ဖိုးတုတ်နဲ့အတူ ဆိုင်ကယ်နဲ့ မိုင်းနောင်ဈေးကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖိုးတုတ်က ဆိုင်ကယ်ကို မိုင်းနောင်ဈေးမှာ မရပ်ပဲ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်ရွာကြားရှိ တောထဲခေါ်သွားပြီး ခြုံပုတ်တခုအတွင်းမှာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ကျူးလွန်ခံရတဲ့ ကလေးမက လုံးတုံရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ကလေးမရဲ့ တိုင်ကြားချက်အရ ဖိုးတုတ် (ခေါ်) သက်နိုင်ဦး ၂၁ နှစ်ကို လုံးတုံရဲစခန်းက အမှုစစ်ရဲအုပ်ဗျက်ဆန်း က(ပ)၁၇/၁၀၁၄ ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်ကာ ဖမ်းဆီးအရေးယူဆောင်ရွက်နေ ကြောင်း သိရပါတယ်။

သတင်း၊ဓာတ်ပုံ - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013