DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင်ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစကလေးငယ် စွန့်ပစ်ခံရ
DVB
·
April 20, 2017
မုံရွာမြို့တွင်ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစကလေးငယ် စွန့်ပစ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ရွှေသိမ်တော်ကြီး ဘုန်းတော်ကြီးကျောင်းအနီးမှာ ရက်သားအရွယ်သာရှိသေးတဲ့ ချက်ကြိုးတန်းလန်းနဲ့ ကလေးငယ် စွန့်ပစ်ခံရမှု ဧပြီ ၁၉ ရက်ည ၈ နာရီလောက်  ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အေးသာယာရပ်ကွက်မှ လူမှုကူညီရေး ဆောင်ရွက်နေသူ ကိုသော်တာက "ကလေးငယ်ကို ဘယ်သူက တွေ့တာလဲတော့ မသိလိုက်ဘူး။ ဒါပေမယ့် ပြောသံ ကြားတာတော့ ကလေးက ယောက်ျားလေး။ ခြင်အုပ်မွေ့ရာလေးနဲ့၊ ၁ သောင်းတန် ငွေစက္ကူ ၂ ရွက်ရယ်၊ ဩဇာညွန့်ရယ် ပါတယ်။ ဩဇာညွန့်က ညစွန့်တာဆိုတော့ ကလေးကို မကောင်းကောင်တွေ ဘာတွေပါမှာစိုးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အမှုဖွင့်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

အေးသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က“စတွေ့တာက ကျောင်းသားလေးက မြင်တာပေါ့။ မြင်လို့ ဘုန်းကြီး သွားလျှောက်တာကနေ ပြန်လာကြည့်တော့ ကလေးပဲ တွေ့ရတယ်။ ကလေးက ကျန်းမာပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတော့ အကြောင်းကြားထားတယ်။ အမှုဖွင့်တာတော့ မရှိသေးဘူး။ လောလောဆယ်တော့ မုံရွာတောင်နယ်မြေရဲကင်းမှူးက လာရောက်ပြီး မွေးစားချင်တဲ့အတွက် ဘုန်းကြီး၊ ရပ်ကွက်တာဝန်ရှိသူတွေရှေ့မှာ လက်မှတ်ထိုးပြီး ခေါ်ယူထားတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။

မနှစ်ကလည်း အေးသာယာရပ်ကွက်အပိုင်မှာပဲ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013