DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် သစ်၊ သတ္တုအိတ်နှင့် မြွေပွေး၊ လင်းမြွေများ ဖမ်းဆီးရမိ
DVB
·
April 20, 2017
ရေပူဂိတ်တွင် သစ်၊ သတ္တုအိတ်နှင့် မြွေပွေး၊ လင်းမြွေများ ဖမ်းဆီးရမိ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း ရေပူစစ်ဆေးရေးဂိတ်မှာ ဒီနေ့ မနက် ၂ နာရီမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်၊ သတ္တုနဲ့ မြွေတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်ဌာနက သိရပါတယ်။

အကောက်ခွန် ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဒီနေ့ မနက်ကဆိုရင် မြွေက ၂ စီး ဖမ်းမိတယ်။ သစ်ကားက ၂ စီး၊ အားလုံး စုစုပေါင်း ၄ ယောက် ဖမ်းမိထားတယ်။ မြွေတွေကတော့ မြွေပွေးနဲ့ လင်းမြွေတွေ ပါတယ်။ မစစ်ဆေးရသေးဘူး။ သစ်တွေကလည်း အရေအတွက် တိတိကျကျ မသိသေးဘူး။ စစ်ဆေးနေတုန်းပဲ။ ပြီးတော့ ရတနာထွန်းကားဆိုရင် နိုင်ငံခြားကို တင်သွင်းမယ့် သတ္တုထုပ်တွေ ပါတယ်။ အထဲမှာ ဘာပါလဲ ဆိုတာတော့ မသိသေးဘူး။ အဲဒါတွေအားလုံးကို အကောက်ခွန်ဥပဒေအတိုင်း ဆက်လုပ်သွားပါမယ်” လို့ ပြောပါတယ်။

“ပိတောက်ကတော့ သိပ်တော့ မများပါဘူး။ ဒါပေမယ့် သူတို့ express ကားပေါ်မှာ တင်လာကြတာ။ ဖမ်းမိတာက အားလုံး ၂ နာရီဝန်းကျင်လောက်မှာပဲ ဖမ်းမိတာပါ။ ပြီးတော့ ပိတောက်တွေရော သတ္တုမှုန့်အိတ်တွေရော ဖမ်းမိတာ။ အဲဒီကားတွေ အားလုံးက မန္တလေးကနေ မူဆယ်ကို သွားတဲ့ကားတွေ။ အခုလည်း မူဆယ်ကနေ ဆင်းလာတဲ့ ၁၂ ဘီးကားတစီး တရားမဝင် မှတ်ပုံတင်အတုတွေနဲ့ ဆင်းလာတဲ့ တရားမဝင်ပစ္စည်းတွေကို စစ်ဆေးနေတယ်”လို့ ဆက်ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်ကားပိုင်ရှင် ၂ ဦးနဲ့ မြွေပိုင်ရှင် ၂ ဦး တို့ကို သိန္နီရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးတာတွေကိုလည်း ဆက်လက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

သင်္ကြန်အတွင်းမှာလည်း ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး တရားမဝင်သစ်တွေကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဌာနကသိရပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013