DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက် ရဟန်း ၁ ပါး ပျံလွန်၊ လူ ၁၀ ဦး ဒဏ်ရာရ
DVB
·
April 20, 2017
မိုးညှင်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက် ရဟန်း ၁ ပါး ပျံလွန်၊ လူ ၁၀ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ မနေ့က ဘုရားဖူးယာဉ် တိမ်းမှောက်တဲ့အတွက် ရဟန်း ၁ ပါး ပျံလွန်တော်မူပြီး  လူ  ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

မိုးညှင်းမြို့နယ် လုံးတုံနယ်မြေအတွင်းရှိ နန့်မွန်းကျေးရွာ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ မိုးညှင်း-နန့်မွန်း ကားလမ်း ကပ်ကျော်တောင်ပေါ်မှာ တည်ထားတဲ့ စေတီတော် ဌာပနာပိတ်ပွဲကအပြန် ယာဉ်တိမ်းမှောက်မှု ဧပြီ ၁၉ ရက် နေ့လယ်က ဖြစ်ပွားခဲ့တာပါ။

နန့်မွန်းကျေးရွာနေ ယာဉ်မောင်း ဦးလောဟူ မောင်းနှင်လာတဲ့  ဟိုင်းလက် Double Cub အမျိုးအစား ခဲရောင်ယာဉ်ဟာ တောင်ကုန်းအဆင်း လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့တာပါ။

ဒဏ်ရာရသူ ၁၀ ဦးကို မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်လို့  ယာဉ်မောင်းသူကို ပုဒ်မ-၃၃၇/၃၃၈/ ၃၀၄-(က) နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

သတင်း - ခင်သန်းညွန့်(မိုးညှင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013