
သင်္ကြန်နှစ်ကူးကာလ ပြီးဆုံးလို့ ရန်ကုန်စတော့ရှယ်ယာဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ စတော့ရှယ်ယာ အရောင်းအဝယ်ဈေးကွက်ထဲမှာ ရှယ်ယာဈေးနှုန်းတွေကလည်း ကျဆင်းလာတဲ့အပြင် ရှယ်ယာအရောင်းအဝယ်ဈေးကွက်ကလည်း သိသိသာသာ ကျဆင်းနေပါတယ်။
ရှယ်ယာရှင်အများစုက ဧပြီလ ၁၉ ရက်နေ့အထိ ရန်ကုန်စတော့ အိတ်ချိန်းကို လာရောက်ပြီး စတော့ရှယ်ယာဈေးကွက်ကို လေ့လာတာတွေ မရှိသလို ရှယ်ယာအရောင်းအဝယ်တွေကိုလည်း မလုပ်ကျသေးပါဘူး။
လက်ရှိမှာတော့ ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာအရောင်းအဝယ်ပြုလုပ်လို့ရတဲ့ အချိန်တွေကို တိုးမြှင့်သတ်မှတ်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ရန်ကုန်စတော့ရှယ်ယာဈေးကွက်က ဧပြီလ နောက်ဆုံးအပတ်လောက်မှပဲ ပြန်ပြီး အသက်ဝင်လာမယ်လို့ ရှယ်ယာရှင်တွေက သုံးသပ်တာတွေလည်း ရှိနေပါတယ်။
ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်ထဲမှာတော့ အေပရယ်လ ၁၉ ရက်နေ့မှာ FMI ရှယ်ယာ တစုကို ကျပ် ၁၆၅၀၀၊ သီလဝါရှယ်ယာတစုကို ကျပ် ၄၂၀၀၊ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာဈေးက ကျပ် ၈၇၀၀ နဲ့ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ကျပ် ၃၀၀၀၀ ပေါက်ဈေး ရှိနေပါတယ်။











