DVB Logo
Home
မြန်မာသတင်း
ငလျင်ကြီး လှုပ်ခတ်မည့်အပေါ် စိုးရိမ်မှုမလွန်ကဲရန် မြေငလျင်ကော်မတီ ပြော
DVB
·
April 20, 2017
ငလျင်ကြီး လှုပ်ခတ်မည့်အပေါ် စိုးရိမ်မှုမလွန်ကဲရန် မြေငလျင်ကော်မတီ ပြော
Donate to DVB

မြန်မာနိုင်ငံမှာ ငလျင်ငယ်တွေ မကြာခဏလှုပ်ခတ်နေပေမယ့် ငလျင်ကြီးလှုပ်နိုင်မယ့်အပေါ် စိုးရိမ်မှုမလွန်ကဲသင့်ဘူးလို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ဒီဗွီဘီကိုပြောပါတယ်။

ငလျင်ကြီးမလာခင်မှာ ငလျင်ငယ်တွေမကြာခဏ လှုပ်ခတ်တတ်ပေမယ့် လက်ရှိဖြစ်ပေါ်ခဲ့တဲ့ ငလျင်ငယ်တွေနဲ့ ပတ်သက်ပြီး ကြောက်ရွံ့မှုမဖြစ်သင့်ဘဲ သတိပြုမိသင့်တယ်လို့ မြေငလျင် လေ့လာသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ အယ်လ်ပိုင်ငလျင်ကြောနဲ့ စစ်ကိုင်းပြတ်ရွေ့ထဲမှာ ကျရောက်နေတဲ့အတွက် ငလျင်ငယ်တွေ မကြာခဏ လှုပ်ခတ်နိုင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာလေမြို့မှာ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လ ၂၄ ရက် ညနေ က လှုပ်ခတ်ခဲ့တဲ့ ၆ ဒသမ ၈ ရစ်ခ်ျတာစကေး မြေငလျင်ကြောင့် မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ်က ဘုရားစေတီ ၁၈၅ ဆူ ထိခိုက်ပျက်စီးမှုရှိခဲ့တာပါ။

ငလျင်ဘေးအန္တရာယ် အသိပေးသူတွေကတော့ မိမိရဲ့အဆောက်အအုံ ခိုင်ခံမှု၊ ငလျင်လှုပ်ချိန်မှာ အဆောက်အအုံထဲက အမြန်ထွက်ဖို့ ဦးခေါင်းပိုင်းမထိခိုက်အောင် ဂရုစိုက်ဖို့၊ လဲနိုင်ပြိုနိုင်အမြင့်ကနေ ပြုတ်ကျနိုင်တဲ့ အရာတွေရှင်းထားဖို့နဲ့ အရေကြီးတဲ့ စာရွက်စာတမ်း၊ ရေရှည်ခံတဲ့ အစားသောက်တွေ စုစည်းထားဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013