DVB Logo
Home
မြန်မာသတင်း
မြောက်ဦး ခမရတပ်သားများနှင့် ခိုက်ရန်ဖြစ်ပွားမှု ဒဏ်ရာရ လူငယ် ၃ ဦးက အမှုဖွင့်
DVB
·
April 19, 2017
မြောက်ဦး ခမရတပ်သားများနှင့် ခိုက်ရန်ဖြစ်ပွားမှု ဒဏ်ရာရ လူငယ် ၃ ဦးက အမှုဖွင့်
1 / 2
Donate to DVB

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မြို့ပတ်ရေကစားလာတဲ့ လူငယ်တစ်စုနဲ့ မြောက်ဦး ခမရတပ်ရင်း ၅၄၀ မှ တပ်သားတွေ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ဒဏ်ရာရရှိသွားခဲ့တဲ့ လူငယ် ၃ ဦးက ဧပြီ ၁၈ ရက်နေ့ ညနေပိုင်းမှာ လာရောက်အမှုဖွင့်ခဲ့တယ်လို့ မြောက်ဦးရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညကလာပြီး အမှုလာဖွင့်တယ်ခင်ဗျ။ အမှုလက်ခံလိုက်ပါပြီ။ အရိုက်ခံရတဲ့သူတွေက လာပြီးအမှုဖွင့်တာပါ။ အရေးယူမယ့်အပိုင်းကတော့ တပ်မတော်သားတွေဖြစ်တာကြောင့် တပ်စည်းကမ်းအရ စစ်ဆေးဖို့ ကျနော်တို့ကို လွှဲပြောင်းပေးမှာလေ။ အရပ်သားတွေပါတော့ အရပ်သားကိုလည်း ဆက်လက်စစ်ဆေးဖို့၊ တရားစီရင်ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အရပ်သားဆိုတာ တပ်မိသားစုရဲ့ သားသမီးတွေပါပဲ။ ကျနော်တို့ စစ်ဆေးပြီးရင် တပ်ဘက်ကို ကျနော်တို့က ပြန်လည်လွှဲပြောင်ပေးရမှာပေါ့။”

ဆက်လက်ပြီး စခန်းမှူးက “သူတို့ တိုင်ချက်မှာတော့ သင်္ကြန် ၁၅ ရက်နေ့က မြို့ထဲသွားပြီ ရေပက်ခံတယ်။ ပြီးလို့ သူတို့ရွာကိုကားနဲ့ ပြန်တယ်။ လမ်းမှာက ၅၄၀ တပ်ရင်းရှိတာကို သူတို့နဲ့သွားပြီးတွေ့တယ်။ တိုက်ချက်မှာတော့ လူတစုက တားတယ်ပေါ့။ အဲ့ဒီမှာ ရိုက်မှုတွေဖြစ်ကြတာ တယောက်နဲ့တယောက်။ ဒဏ်ရာရသွားတဲ့ သူက သုံးယောက်ပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

အရိုက်ခံရတဲ့သူတွေက အခုလိုတိုင်ကြားလာတဲ့အပေါ် မြောက်ဦးမြို့မရဲစခန်းက တပ်ဘက် အကြောင်းကြားထားပြီး တပ်ဘက်ကတော့ တစုံတရာအကြောင်းပြန်တာမျိုး မရှိသေးဘူးလို့ မြောက်ဦးမြို့မရဲစခန်း စခန်းမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ အမျိုးသမီးတွေအပါအဝင် လူငယ် ၂၀ ဝန်းကျင်က မြောက်ဦးမြို့ ရေးပက်ခံကစားရင်းအလာမှာ မြောက်ဦးခမရ ၅၄၀ တပ်ရင်းဂိတ်ရှေ့မှာ သစ်လုံးနဲ့တားပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။

အခုလိုခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ရေပက်ခံလာတဲ့ အမျိုးသမီးတဦးအပါအဝင် လူငယ် ၃ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၉၄/၃၂၅ အရေးယူ ဆောင်ရွက်နေတယ်လို့ စခန်းမှူးက ပြောပါတယ်။ ဒဏ်ရာရပြီး အမှုလာဖွင့်တဲ့လူငယ် ၃ ဦးအမည်ကိုတော့ ရဲက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

သတင်း၊ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ရခိုင်သဇင်ချစ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013