DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လူသတ်မှုကျူးလွန်ထွက်ပြေးသွားသည့် ဗြိတိန်နိုင်ငံသားကို အင်တာပိုရဲတပ်ဖွဲ့ရှာဖွေနေ
DVB
·
April 19, 2017
ရန်ကုန်တွင် လူသတ်မှုကျူးလွန်ထွက်ပြေးသွားသည့် ဗြိတိန်နိုင်ငံသားကို အင်တာပိုရဲတပ်ဖွဲ့ရှာဖွေနေ
1 / 2
Donate to DVB

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရန်ကုန်မြို့လယ် ၃၉ လမ်းအလယ်ဘလောက်က တိုက်ခန်းတခုမှာ စကော့တလန်နယ်သား ကျောင်းဆရာတဦး သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သတ်ပြီး အလိုရှိနေတဲ့ ဗြိတိန်နိုင်ငံသား ဟာရစ်ဘီနော့တီကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက အနီရောင်အဆင့် သတ်မှတ် ရှာဖွေနေပါတယ်။

ဟာရစ်ဘီနော့တီဟာ စကော့တလန်နယ်၊ ဂလပ်စ်ဂိုးမြို့က တိုက်ခန်းတခုမှာ       ဘယ်လ်ဂျီယံနိုင်ငံသူ သူ့ရဲ့ ရည်စားဖြစ်သူနဲ့အတူ နေထိုင်နေတာလို့ စကော့တလန် အခြေစိုက် The Herald နဲ့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အသက် ၄၇ နှစ်အရွယ် တနိုင်ငံတည်းသား ဂရီဖာဂူဆန် ရန်ကုန်မြို့မှာ နိုဝင်ဘာတုန်းက သေဆုံးခဲ့မှုအတွက် အလိုရှိသူအဖြစ် မစ္စတာ ဟာရစ်ကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက  အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အနီရောင်အဆင့် သတိပေးချက်ဟာ ဝရမ်းထုတ်ခံထားရတဲ့သူကို ဖမ်းဆီးပေးဖို့ တောင်းဆိုချက်အရ ပြစ်မှုကျူးလွန်ခဲ့တဲ့ တိုင်းပြည်ကို ပို့ပေးရတဲ့ ထုတ်ပြန်ချက်မျိုး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်တံတားမြို့နယ်စခန်းမှူးကတော့ သူတို့ကို အကြောင်းကြားထားတာတွေ မရှိသေးတဲ့အပြင် တရားခံကို မြန်မာနိုင်ငံပြန်လွှဲလို့ နိုင်ငံအတွင်း ရောက်လာမှသာ သိရှိရမှာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၄ ရက် ညက ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ၃၉ လမ်းမှာ ဗြိတိန်နိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာက လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ မြန်မာပြည်ကနေ ထိုင်းလေကြောင်းလိုင်းနဲ့ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ ဗြိတိန်နိုင်ငံသား မစ္စတာ ဟာရစ်ဂျွန်အီတာလိုဘီနိုတီကို ကျောက်တံတားမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်ထားပါတယ်။

သေဆုံးသူ ပီတာဂရီဖာဂူဆန်ဟာ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ Horizon International School က ကျောင်းဆရာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013