DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် မာရသာ မုန်​တိုင်းကြောင့် ကြက်သွန်ခင်းအချို့ပျက်စီး
DVB
·
April 19, 2017
မြင်းခြံတွင် မာရသာ မုန်​တိုင်းကြောင့်  ကြက်သွန်ခင်းအချို့ပျက်စီး
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁၆ ရက်က မာရသာ မုန်းတိုင် ဝင်ရောက်မှုကြောင့် မိုးများရွာသွန်းမှုဖြစ်ခဲ့ပြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရှိ ဆင်တဲဝချောင်းမှာ စိုက်ပျိုးထားတဲ့ ကြက်သွန်းစိုက်ခင်းတွေ ရေနစ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆင်တဲဝချောင်းဟာ တောင်သာမြို့နယ်ကနေ မြင်းခြံမြို့နယ်အတွင်း စီးဆင်းတဲ့ချောင်းဖြစ်ပြီး အစိုးရပိုင်မြေကို ဆင်တဲဝချောင်း ပတ်ဝန်းကျင်အနီးရှိ ကျေးရွာတွေက ပြည်သူတွေကို လုပ်ကိုင်စားသောက်ခွင့် ပြုထားတဲ့ ချောင်းမြေ ဖြစ်ပါတယ်။

မာရသာ မုန်တိုင်းကြောင့် မိုးရွာသွန်းမှု ဖြစ်ခဲ့ပြီး ဆင်တဲဝချောင်း အနီးရှိ ထန်းပင်ကန်ကျေးရွာက ကြက်သွန်စိုက်ပျိုးထားတဲ့ စိုက်ပျိုးဧက ၂၅ ဧကလောက် ရေနစ်ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။

ထန်းပင်ကန်ကျေးရွာက ဒေါ်စန်းသောင်းက “ဒီချောင်းအတွင်းကို ကြက်သွန်စိုက်လာတာ ကြာပါပြီ။ ကြက်သွန်တူးဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ခုလို မိုးရွာလိုက်တော့ ကြက်သွန်တွေအားလုံး ပျက်စီးကုန်တာပေါ့။ ချောင်းအတွင်း မှာ စိုက်ကွက် ၁ ကွက် ၀ ဒသမ ၃၇ ရရှိတာပါ။ ၁ ကွက်ကို စိုက်ပျိုးစရိတ် ကုန်ကျတာက ၁၆ သိန်းလောက် ကုန်ကျပါတယ်။ ခု နုတ်တဲ့ ကြက်သွန်ကလည်း ပုပ်ကုန်မှာ သေချာသလောက်ဆိုတော့ ဈေးက ရမှာလည်း မဟုတ်ဘူး။ အများကြီးကို ဆုံးရှုံးရတာပါ” လို့ ပြောပါတယ်။

ချောင်းရေ စီးဆင်းမှုကြောင့် ချောင်းအတွင်း စိုက်ပျိုးထားတဲ့ ကြက်သွန်တွေ ရေနစ်ပြီး ဆုံးရှုံးခဲရတဲ့ ကျေးရွာတွေဟာ ထန်းပင်ကန် ကျေးရွာက အများဆုံးဖြစ်ပြီး ဖက်တောကျေးရွာနဲ့ ကျွဲဆင်းကျေးရွာတို့လည်း ပါဝင်ကြပါတယ်။

မြင်းခြံမြို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က “လောလောဆယ်မှာ ကျနော်တို့ မြင်းခြံမြို့နယ်အတွင်း ကြက်သွန် စိုက်ပျိုးဧက ၂၅ ဧက လောက်က ပျက်စီးခဲ့တဲ့ စာရင်းတွေသွားပြီး ယူလာခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ် ထွေအုပ် ဒုဦးစီး စိုက်ပျိုးရေးနှင့် မြေစာရင်းတို့ အားလုံး သွားရောက်ခဲ့တာပါ။ ဒီစာရင်းတွေကို တိုင်းအစိုးရကို တင်ပြထားပါတယ်။ တိုင်းအစိုးရက ဘာဆက်လုပ်ပေးမယ်ဆိုတာ ကျနော်တို့ စောင့်နေပါတယ်” လို့ ပြောပါတယ်။

မြင်းခြံမြို့နယ်နှင့် တောင်သာမြို့နယ်ရှိ ကျေးရွာတွေဟာ ကြက်သွန်ကို အဓိက အားထားစိုက်ပျိုးတဲ့ ဒေသဖြစ်ပြီး ကြက်သွန်အမျိုးအစားလိုက်ပြီး ၆၅၀ ကျပ် မှ ၇၀၀ ကျပ်ထိ ပေါက်ဈေး ရှိနေတာ ဖြစ်ပါတယ်

သတင်း-ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013