DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ ကာရာအိုကေဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသွားသည့် အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
April 19, 2017
Donate to DVB

မကွေးမြို့ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ စားသောက်ဆိုင်မီးလောင်မှုမှာ မီးလောင်ဒဏ်ရာတွေရပြီး မကွေးဆေးရုံကြီးမှာ ဆေးကုသခံနေရတဲ့ အမျိုးသမီး ၁ ဦး ဧပြီလ ၁၈ ရက်နေ့မှာ ထပ်မံသေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၂ ရက်ညက မကွေးမြို့ သစ္စာလမ်းနဲ့ မြင်သာရပ် ၂၉  လမ်းထောင့်အနီးရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ စားသောက်ဆိုင် မီးလောင်မှုကြောင့် တပ်မတော်သား ၂ ဦး အပါအ၀င် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့တာပါ။

အဆိုပါ မီးလောင်မှုမှာ မီးလောင်ဒဏ်ရာရတဲ့ မခိုင်ဝတ်ရည်စိုး အသက် ၁၉ နှစ် ဟာလည်း မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသခံယူနေရာကနေ သီတင်း ၂ ပတ်ကျော်အကြာ ဧပြီလ ၁၈ ရက်နေ့က သေဆုံးသွားပြီး  ဧပြီ ၁၉ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် မကွေးတိုင်းအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆို ဧပြီ ၆ ရက်ကကျင်းပတဲ့ မကွေးတိုင်း ဒေသကြီးလွှတ်တော်အထူးအစည်းအဝေးမှာ  မကွေးမြို့ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်ထိတော့ အစိုးရဘက်က တရားဝင် အကြောင်းပြန်ကြားခြင်းမရှိသေးဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကာရာအိုကေဆိုင်မီးလာင်မှုဖြစ်ပွားခဲ့တဲ့ မကွေးမြို့ပေါ်ရှိ ကေတီဗွီဆိုင် ၂၆ ဆိုင်ကို  စိစစ်ဖို့ ဧပြီ ၁၁ ရက်ကတည်းက ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013