DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် သင်္ကြန်တွင်းဖြစ်သည့် အမှုများအနက် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွား
DVB
·
April 19, 2017
မွန်ပြည်နယ်တွင် သင်္ကြန်တွင်းဖြစ်သည့် အမှုများအနက် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွား
Donate to DVB

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ၄ ရက်တာ ကာလ အတွင်းဖြစ်ပွားခဲ့တဲ့မှုခင်းတွေထဲမှာ ယာဉ်မတော်တဆတိုက်မှုတွေက အများဆုံးဖြစ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းသိရပါတယ်။

၂၀၁၇  ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ မွန်ပြည်နယ်မှာ ယာဉ်တိုက်မှုပေါင်း ၂၂ မှုဖြစ်ပွားခဲ့တယ်၊ ထိခိုက်ဒဏ်ရာရသူ ၄၆ ယောက်ရှိပြီး သေဆုံးသူက ၁၂ ယောက်ရှိခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင်စိုးက ပြောပါတယ်။

မွန်ပြည်နယ် တခုလုံးမှာ ယာဉ်တိုက်မှုပေါင်း ၂၂ မှုရှိတဲ့အနက် ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မှာ  ယာဉ်တိုင်မှုပေါင်း ၆ မှုဖြစ်ပွားခဲ့ပြီး ပြည်နယ်တခုလုံးအနေနဲ့ အများဆုံးဖြစ်ခဲ့တာလို့ ပြည်နယ်ရဲတပ်ဖွဲ့ စာရင်းတွေအရသိရပါတယ်။

ဒါပေမယ့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတခုတည်းကို ရောက်လာတဲ့ လူနာမှတ်တမ်း စာရင်းတွေအရတော့ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်အထိ ၅ ရက်တာကာလအတွင်းမှာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၁၂၃ ယောက်၊ ခိုက်ရန်ဖြစ်ပွားလို့ ထိခိုက်ဒဏ်ရာရသူ ၅၉  ယောက်ရှိခဲ့တယ်လို့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ မောင်မောင်ဇင်က ပြောပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာရင်းထုတ်ပြန်ချက်အရတော့ အခုနှစ်သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ လူသတ်မှု၊ ခိုက်ရန်ဖြစ်ပွား နာကျင်စေမှု၊ ယာဉ်တိုက်မှုအပါဝင် မွန်ပြည်နယ် မှာ မူခင်းပေါင်း ၅၀၊ ဒဏ်ရာရသူ ၆၆ ယောက်နဲ့ သေဆုံးသူ ၂၀ ရှိပါတယ်လို့ဆိုပါတယ်။

နေပြည်တော် ကောင်စီနယ်မြေအပါဝင် တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ သင်္ကြန်ကာလတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးက မူခင်းအများဆုံးဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်က အဆင့် ၈ အများဆုံးနေရာမှာရှိပါတယ်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း တနိုင်ငံလုံး ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး ၂၈၅ ဦးသေဆုံးကာ ၁၀၇၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ- ကျော်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013