DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းနှင့်ပါလာသည့်မိုးကြောင့် ကြက်သွန်ခင်းများရေမြုပ်ပျက်စီး
DVB
·
April 19, 2017
မုန်တိုင်းနှင့်ပါလာသည့်မိုးကြောင့် ကြက်သွန်ခင်းများရေမြုပ်ပျက်စီး
Donate to DVB

ရခိုင်ပြည်နယ်မှာ ဧပြီ ၁၆ရက်က ၀င်ရောက်တိုက်ခတ်သွားတဲ့ မာရသာမုန်တိုင်းနဲ့ပါလာတဲ့ မိုးကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ထဲက  ကြက်သွန်ခင်းတွေရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ ဒေသခံ ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။

မိုးကြောင့် ပြည်မြို့နယ်ထဲက မှော်ဇာ၊ မုထော၊တွင်းဗြည်းစတဲ့ ကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ  ကြက်သွန်နီစိုက်ခင်းတွေထဲကို ရေ၀င်ပြီး ရေထွက်ပေါက်မရှိတာကြောင့် စိုက်ခင်းတွေပျက်စီးသွားတာလို့  မုထောရွာနေ ဒေါ်သန်းဦးကပြောပါတယ်

မိုးကအချိန်မဟုတ်ရွာတာရယ်၊ဆယ်ရေတွေကလွှတ်ထားတာရယ်၊ရေထွက်ပေါက်မြောင်းကိုလည်း ဆည်မြောင်းကဖေါက်မပေးတာတွေရယ်ကြောင့် အခုလိုအခြေအနေဆိုးသွားတာလို့ ကြက်သွန်ခင်းပိုင်ရှင် တဦးဖြစ်တဲ့ မုထောကျေးရွာက  ဦးအေးမောင်ကပြောပါတယ်။

ပြည်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွာတဲ့မိုးက မိုးရေချိန် ၅ ဒသမ ၄၇လက်မလောက်ရှိပြီး မိုးရေကြောင့် တောင်သူ ၁၂၁ ဦးရဲ့ ကြက်သွန်စိုက်ခင်း ဧက ၄၆ ဒသမ ၂၅ဧက ရေမြုပ်ပျက်စီးခဲ့တယ်လို့ ပြည်မြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးထံက သိရပါတယ်။

ကြက်သွန်နီစိုက်ခင်းတွေအပြင်၊နံနံပင်၊ဗူး၊သခွား၊ရွှေဖရုံစတဲ့သီးနှံတွေလည်း အများအပြားပျက်စီးသွားခဲ့ပြီး ကြက်သွန်နီကတော့ တန်ဖိုးအများဆုံးနဲ့ ဆုံးရှုံးမှုအများဆုံးဖြစ်ပါတယ်။

လက်ရှိပေါက်ဈေးအရကြက်သွန်နီက ၁ပိသာကို ၁၀၀၀ကျပ်လောက် ပေါက်ဈေးရှိပြီး၊ ၁ဧကကို ပိသာ(၄၀၀၀)ခန့်ထွက်ရှိတာဖြစ်လို့ ရေနစ်ဧက စုစုပေါင်းအရဆိုရင် ကျပ် သိန်း ၁၈၄၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားပါတယ်။

လက်ရှိ ရေကတော့ဒီနေ့ဧပြီ၁၉ရက်အထိ နစ်မြုပ်နေဆဲဖြစ်ကာ၊ စိုက်ခင်းပိုင်ရှင်တွေက ရနိုင်သလောက် ကြက်သွန်တွေ ပြန်နုတ်နေကြဆဲဖြစ်ပါတယ်။

မြန်မာပြည်အလယ်ပိုင်း မုံရွာဘက်မှာတော့ အခုနှစ်မှာ ကြက်သွန်အထွက်နှုန်းကျခဲ့ပေမယ့် ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေအတွက် အဆင်ပြေတယ်လို့ မုံရွာမြို့နယ်က ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။

မုံရွာမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ ဒီနှစ်မှာ အထွက်နှုန်းလျော့ခဲ့ပေမယ့် မနှစ်ကထက် ကြက်သွန်ဈေး ၂ဆနီးပါးရှိခဲ့တာကြောင့် တောင်သူတွေအတွက် ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ မုံရွာ ပြည်တော်သာရပ်ကွက်နေ တောင်သူ  ဦးသန်းငွေက ပြောပါတယ်။

သင်္ကြန်ပြီးနောက်ပိုင်းမှာတော့ ကြက်သွန်တန်းရှိ ကြက်သွန်ပွဲရုံတွေမှာ ကြက်သွန်ဈေး အနည်းငယ်ပြောင်းလဲမှုတွေဖြစ်ပေါ်နေပါတယ်။ ကြက်သွန်အဝင်နည်းလာတဲ့အတွက် ဈေးကွက်မြင့် တက်လာနိုင်တယ်လို့ မုံရွာမြို့ ညောင်တပင်ဈေးက ငွေစံပယ် ပွဲရုံပိုင်ရှင် ဦးမြင့်လွင်က ဆိုပါတယ်။

ကြက်သွန်စိုက်တဲ့တောင်သူတွေဟာအလုပ်သမားအခက်အခဲ၊ ကြက်သွန်ပျိုးပင်အခက်အခဲတွေကြောင့် ကြက်သွန်စိုက်ဧက နည်းပါးခဲ့တာပါ။

ဒါ့အပြင် ရာသီဥတုကြောင့်လည်း ကြက်သွန်အရည် အသွေးတွေလည်းကျဆင်းခဲ့ပြီး ၁ ဧကကို ပိဿာချိန် ၅၀၀ ကနေ ၁၀၀၀ လောက်ထိ အထွက်ကျခဲ့တာပါ။

လက်ရှိမှာ ပြည်တွင်းဈေးကွက်မှာ ကြက်သွန်နီ ၁ပိဿာကို ၁၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာကို ၃၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်နေပါတယ်။ ကြက်သွန်ကို နယ်ဝယ်လက်တွေကများပြီး တောင်သူတွေလက်ထဲမှာ နည်းပါးသွားပြီဖြစ်တဲ့အတွက် ဈေးတွေဆက်လက်မြင့်တက်လာနိုင်တယ်လို့ ကြက်သွန်ပွဲရုံပိုင်ရှင်အချို့က သုံးသပ်နေကြပါတယ်။
သတင်း- မင်းညို၊အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013