DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့စွန်၌ ရေသွားကူးသည့် လူငယ်၂ ဦး ရေနစ်သေဆုံး
DVB
·
April 19, 2017
တိုက်ကြီးမြို့စွန်၌ ရေသွားကူးသည့် လူငယ်၂ ဦး ရေနစ်သေဆုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့စွန်ဖက် အုတ်ပုံစုရပ်ကွက်ရှိ အုတ်ဖုတ်ဖို့ တူးဖော်ထားတဲ့ မြေချိုင့်ဟောင်းထဲမှာ  ဒေသခံ လူငယ် သူငယ်ချင်း ၉ ယောက် ရေသွားကူးရာမှာ ၂ယောက်ရေနစ်သေဆုံးသွားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဧပြီ ၁၇ ရက်၊ နှစ်ဆန်း ၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သေဆုံးသူ ၂ အပါအဝင် သူငယ်ချင်း ၉ ဦးတို့ဟာ အုတ်ဖုတ်ဖို့ တူးဖော်ထားတဲ့အလျားပေ ၂၀ ခန့်ရှိ မြေချိုင့်ဟောင်းအတွင်း ရေသွားကူးရာမှ ၇ ဦးမှာ ပြန်သာပြန်လာခဲ့ပြီး ဘူတာရပ်ကွက်နေ  အောင်ပြည့်စုံ အသက် ၁၆ နှစ် နဲ့ အုတ်ပုံစုရပ်ကွက်၊ ဒေါနလမ်းနေ  ဝေယံထက် တို့ ၂ ယောက် ရေကူးဖို့ ကျန်ရစ်ခဲ့ပါတယ်။

ညနေ ၆ နာရီခွဲလောက်မှာ သူငယ်ချင်း ၂ယောက်ပြန်မလာလို့ သွားပြန်ကြည့်ရာမှာ ရေနစ်သေဆုံးနေတာတွေ့ရလို့ မိဘတွေကိုပြန်ပြောပြပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ဒုရဲအုပ်မင်းအောင်နဲ့ အဖွဲ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့တာပါ။

ရေနစ်သေဆုံးတဲ့ လူငယ် ၂ ဦးကို တိုက်ကြီးမြို့မစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ်ကို စစ်ဆေးနေတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက ပြောပါတယ်။

သတင်း၊ဓာတ်ပုံ-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013