DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တပ်နှင့်​ ဆက်စပ်ဖမ်း​ဆီး​ခံရသူများ​ ပြန်မလွတ်​သေး
DVB
·
January 20, 2012
လက်နက်ကိုင်တပ်နှင့်​ ဆက်စပ်ဖမ်း​ဆီး​ခံရသူများ​ ပြန်မလွတ်​သေး
Donate to DVB

ပြီး​ခဲ့​တဲ့​ ၁၃ ရက်​နေ့​က ထင်ရှား​တဲ့​ ​ခေါင်း​ဆောင်​တွေအပါအဝင် နိုင်ငံ​ရေး​ အကျဉ်း​သား​ အများ​အပြား​ လွတ်​မြောက်လာခဲ့​ပေမယ့်​ တိုင်း​ရင်း​သား​လက်နက်ကိုင်တွေနဲ့​ ဆက်စပ် ဖမ်း​ဆီး​ခံရသူ​တွေ အများ​အပြား​ ကျန်​နေ​သေး​တယ်လို့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလ ၁၂ ရက်​နေ့​တုန်း​က အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ပဏာမ လက်မှတ်ထိုး​ခဲ့​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ​ခေါင်း​ဆောင်​တွေကို ပြည်​ထောင်စု ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ​ကေအန်ယူအဖွဲ့​နဲ့​ ဆက်စပ် ဖမ်း​ဆီး​ခံရသူရဲ့​ စာရင်း​ကို ပြုစုပြီး​ ပို့​ပေး​ဖို့​ ​ပြောဆိုခဲ့​ပါတယ်။

လက်ရှိ အ​နေအထား​မှာ ​ကေအန်ယူအ​နေနဲ့​ အကျဉ်း​ထောင် အသီး​သီး​မှာ ထိန်း​သိန်း​ခံထား​ရတဲ့​ ​ကေအန်ယူအဖွဲ့​ဝင်​တွေ အပါအဝင် မတရား​အသင်း​နဲ့​ ဆက်သွယ်မှု၊​ ​ထောက်ပံ့​အား​ပေး​မှု၊​ ​ဖောက်ခွဲမှု၊​ လူသတ်မှုတို့​နဲ့​ အမည်တပ် ဖမ်း​ဆီး​ ထိန်း​ခံထား​ရသူ အား​လုံး​ကို စာရင်း​ပြုစု​နေပြီး​ အစိုး​ရဆီ ​ပေး​ပို့​သွား​မယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ ​ကော်မတီ အတွင်း​ရေး​မှူး​ ပဒို​စော​ဒေး​ဗစ်​ထောက ​ပြောပါတယ်။
“ကျ​နော်တို့​ ​အေ​အေပီပီကို လှမ်း​မေး​ထား​တယ်။ ​အေ​အေပီပီကလည်း​ သူတို့​လုပ်ထား​တာ ၄၀ ​ကျော်​ကျော်​လောက် ရှိတယ်လို့​ ​ပြောတယ်​လေ။ ကျ​နော်တို့​ဆီမှာ ပြုစုထား​တဲ့​ လူ​တွေလည်း​ ရှိ​တော့​ အဲ့​ဟာ​တွေနဲ့​လည်း​ ပြန်တိုက်ကြည့်​ရဦး​မယ့်​ သ​ဘောရှိတယ်။ ​တောင်း​လာရင် မမှား​စေချင်ဘူး​လေ။”

အလား​တူ အခုလ ၁၆ ​နေ့​က ပြည်​ထောင်စုအစိုး​ရအဆင့်​နဲ့​ ငြိမ်း​ချမ်း​ရေး​ လက်မှတ် ထိုး​ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ကလည်း​ ၁၃ ရက်​နေ့​က ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေထဲမှာ သူတို့​ တပ်သား​တွေ မပါ​ကြောင်း​နဲ့​ လက်ရှိ အကျဉ်း​ထောင်မှာ ရှမ်း​ပြည်တပ်မ​တော်က အား​လုံး​ ၃၂ ဦး​ရှိတယ်လို့​ ​ပြောပါတယ်။

အဆိုပါ ၃၂ ဦး​ ​ထောင်ချမှတ်ခံရတာနဲ့​ ပတ်သက်ပြီး​ ရှမ်း​သံ​တော်ဆင့်​ သတင်း​အယ်ဒီတာ ဦး​ခွန်စိုင်း​က အခုလို ပြန်​ပြောပါတယ်။
“ဒုဗိုလ်မှူး​ကြီး​ ခွန်​ကျော် သို့​မဟုတ် သံ​ချောင်း​က ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်​နေ့​ နှစ်သစ်ကူး​နေ့​မှာ သူတို့​က နမ့်​ခမ်း​မှာ လက်နက်ချတယ်။ ဒါ​ပေမယ့်​ ၂ ရက်​နေ့​ကျ​တော့​ သူတို့​ကို ဖမ်း​ဆီး​ပြီး​ လား​ရှိုး​ပို့​ပြီး​ ရုံး​တင်စစ်​ဆေး​တာ​ပေါ့​။ မတ်လ ၄ ရက်​နေ့​မှာ သူတို့​ကို စီရင်ချက်ချတယ်။

“အကုန်လုံး​ အမှု ၁၁ မှု​လောက်ရှိတယ်​ပြောတယ်။ ၁၁ မှုမှာ လူသတ်တာတို့​ မူး​ယစ်​ဆေး​ဝါး​ ကုန်ကူး​တာတို့​ က​လေး​စစ်သား​တို့​၊​ သူတို့​ အကုန်လုံး​ဖမ်း​တာက​တော့​ ၃၂ ​ယောက်ဖြစ်တယ်။ ၃၂ ​ယောက်မှာ ၃ ​ယောက်ကို​တော့​ အသက်ငယ်​သေး​တယ်ဆိုပြီး​တော့​ ၇ နှစ် နှစ်​ထောင်ချတယ်။ ကျန်တဲ့​ ၂၉ ​ယောက်ကို​တော့​ ​သေဒဏ်​ပေး​တယ်။ ဗိုလ်မှူး​ကြီး​ ခွန်​ကျော်က​တော့​ ​သေဒဏ် ၅ ခါထိတယ်လို့​ ​ပြောတယ်။ ၃ ​ယောက်ကို​တော့​ လား​ရှိုး​ထောင်မှာ ဆက်ချထား​တယ်။ ကျန်တဲ့​လူ​တွေကို​တော့​ မန္တ​လေး​ပို့​တယ်။ မန္တ​လေး​က​နေမှ သူတို့​လူခွဲပြီး​တော့​ တ​ယောက် တ​နေရာစီ ပို့​တာ။ ဗိုလ်မှူး​ကြီး​ ခွန်​ကျော်က​တော့​ သာယာဝတီမှာ သွား​နေရတယ်​ပြောတယ်။ သူနဲ့​နေတာလည်း​ ၄၊​ ၅ ​ယောက်​လောက် ရှိတယ်​ပြောတယ်။ ​သေ​သေချာချာ မသိရဘူး​ပေါ့​ဗျာ။ သူတို့​ တပ်မဟာက ၂၄၁ လို့​ ​ခေါ်ပါတယ်။ ”

အလား​တူ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ် တပ်ဦး​ကလည်း​ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ​ကျောင်း​သား​တပ်မ​တော် ရဲ​ဘော်တချို့​ ပြန်လွတ်လာ​ပေမယ့်​ ၃၀ ​ကျော် အဖမ်း​ခံ​နေရတယ်လို့​ ​ပြောပါတယ်။

ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ ပါတီက​တော့​ သူတို့​ရဲ့​ အကျဉ်း​ကျ​နေတဲ့​ တပ်သား​စာရင်း​ကို ပြုစု​နေပြီး​ မကြာခင်ထုတ်ပြန်မယ်လို့​ ​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ ​အေ​အေပီပီက​တော့​ ပြီး​ခဲ့​တဲ့​ ၁၃ ရက်​နေ့​က လွှတ်​ပေး​သူ​တွေထဲမှာ ၂၈၇ ဦး​ စာရင်း​ ရရှိထား​တယ်လို့​ ​ပြောပါတယ်။

အေ​အေပီပီ အတွင်း​ရေး​မှူး​ ဦး​တိတ်နိုင်က “ကျ​နော်တို့​ စာရင်း​အရဆိုရင်​တော့​ ၁၀၀၀ ​လောက်ကျန်တယ်။ သို့​သော် ကျ​နော်တို့​ အခုပြန်စစ်​နေတယ်။ လုံး​ဝအတည်ပြုထား​တဲ့​ စာရင်း​တွေအရဆိုရင်​တော့​ ၆၀၀ ​ကျော် ၇၀၀ ​လောက်ကျန်တယ်။ အဓိက က​တော့​ လက်နက်ကိုင် တပ်ဖွဲ့​ကလူ​တွေ ကျန်တယ်။ ​နောက် ​ဖောက်ခွဲ​ရေး​လို့​ စွပ်စွဲထား​တဲ့​သူ​တွေ။ ​နောက်တခါ တရား​မဝင် နယ်စပ်ဖြတ်​ကျော် အဲ့​ဒါ​တွေက အများ​ကြီး​ပါ” လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013