DVB Logo
Home
မြန်မာသတင်း
အိန္ဒိယကုန်သည်များ ဈေးကစား၍ ပြည်တွင်းပဲဈေးကွက် မတည်မငြိမ်ဖြစ်
DVB
·
April 19, 2017
အိန္ဒိယကုန်သည်များ ဈေးကစား၍ ပြည်တွင်းပဲဈေးကွက် မတည်မငြိမ်ဖြစ်
Donate to DVB

အိန္ဒိယကုန်သည်တွေ ဈေးကစားနေတဲ့အတွက် ပြည်တွင်းပဲဈေးကွက် မတည်မငြိမ်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်းက ပြောပါတယ်။

ဒီနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲနဲ့ ပဲစင်းငုံ အထွက်နည်းနေတဲ့အတွက် ပဲလိုအပ်ချက် ရှိနေပေမယ့်  အိန္ဒိယအစိုးရရဲ့ သွင်းကုန် အခွန်သက်သာခွင့် သက်တမ်းတိုးမြှင့်ပေးမယ့် အနေအထားကို ကုန်သည်တွေက စောင့်ကြည့်ဝယ်ယူနေတာ ဖြစ်တယ်လို့ အသင်းအထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံက ပြည်ပက တင်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံပေမယ့် ပဲမျိုးစုံက အိန္ဒိယရဲ့ အဓိကစားသောက်ကုန် ဖြစ်တဲ့အတွက် အခွန်ကောက်ခံပါက ကုန်ဈေးနှုန်း ကြီးလာနိုင်တာကြောင့် အခွန်ကင်းလွတ်ခွင့်ပေးထားတာပါ။

လက်ရှိ ပြည်တွင်းပဲဈေးကွက်မှာ မတ်ပဲ တတန်ကို ၁,၀၇၈,၀၀၀ ကျပ်၊ ပဲစင်းငုံ တတန်ကို  ၇၆၅,၀၀၀ ကျပ် ဈေးနဲ့ အရာင်းအဝယ် ဖြစ်နေပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013